" ကဲ​ပြော ..မင်းဒီကို ဘာလာလုပ်​တာလဲ ?"

"ဟို ..ဟို​လေ Jimin hyung နဲ့​တွေ့ချင်​လို့ .."

" ဘာကိစ္စလဲ? .."

" ​ရေခဲမုန့်​စားချင်​လို့ ပိုက်​ဆံမရှိလို့ ...."

" ဘာာ....
Jung kookie ..
မင်းက သူ​ဌေးနဲ့လက်​ထပ်​ထားရတယ်​ဆိုပြီး ပိုက်​ဆံကို​ရေလိုသုံးဖြုန်း​နေတယ်​​ပေါ့ ဟုတ်​လား ?

မင်းကို ငါ​ပေးထားတဲ့ black card က
ဘယ်​​ရောက်​သွားလို့ သူများဆီက ပိုက်​ဆံလာ​တောင်းရတာလဲကွ ..

ဘာလဲ မင်းအစတည်းက ငါ့ကို အပိုင်​ကြံခဲ့တာလား ?"

ဘယ်​လို ​ပြောလိုက်​တာလဲ Kim Taehyung ရာ..
အစတည်းက ဘာမှန်း​မသိညာမှန်းမသိနဲ့
နစ်​နာခဲ့ရသူက ကျ​တော်​ပါ ...

"အဟင့်​ ..ဟင့်​ .."

" ငါ့​ရှေ့မှာ မျက်​ရည်​လာကျမ​နေနဲ့ ..
မင်းငိုပြလည်း ငါကသနားလာမှာမဟုတ်​ဘူး ..

အဲ့​နေ့ညက ဘုမသိဘမသိနဲ့ခံလိုက်​ရတဲ့
ငါ့ကိုယ်​ငါဘဲသနားရမှာ .."

လွန်​သွားပီ ..kim taehyung ..
ခဗျားအရမ်းလွန်​သွားပီ ...
Jung kookie လည်း လူဘဲ သည်းခံနိုင်​တဲ့ အတိုင်းအတာ​တော့ရှိတယ်​ ..

"လူယုတ်​မာကြီး ..
သူများဘဝကိုလည်း ဖျက်​ဆီး​သေးတယ်​ ..
လူကို အပိုင်​ကြံတယ်​လို့လည်း စွပ်​စွဲ​သေးတယ်​ ..
အဲ့​နေ့ညက ခဗျားဘာသာ ခဗျား မတရား​သောက်​ပြီး
မူးရူး​နေတာ​လေ ...
ကျ​တော်​က အတင်း​သောက်​ပါ​သောက်​ပါဆိုပြီး
တိုက်​​နေလို့လား
ခဗျားသာမ​သောက်​ရင်​ ဒီလိုပြဿနာ​တွေဖြစ်​လာမလား ..
အခု​တော့ လူကို မ​တောင်းပန်​တဲ့အပြင်​ မတရားပါ ​ပြော​နေ​သေးတယ်​ ..
အကျင့်​မ​ကောင်းတဲ့လူကြီး ..အီးဟီး..."

"​ဟေ့ ...ဘာလို့ ရုံးခန်းထဲမှာ ​အော်​ငို​နေရတာလဲ ..."

"ခဗျားက ကျ​တော့်​ကို မတရားစွပ်​စွဲ​နေတာကို .."

"ဒါဆို​ပြော​လေ ...
ကဒ်​ထဲက ပိုက်​ဆံ​တွေဘယ်​​ရောက်​သွားလဲဆိုတာ ..."

"ဘယ်​မှမ​ရောက်​ဘူး"

"ဘာ..."

"ဟုတ်​​တယ်​​လေ ..​ရေခဲမုန့်​ဆိုင်​က ကဒ်​နဲ့ ရှင်းလို့မရဘူး
ရိုးရိုးပိုက်​ဆံနဲ့ဘဲ ဝယ်​မှ ​ရောင်းမယ်​​ပြောလို့ ..
လက်​ထဲမှာ ပိုက်​ဆံမှမရှိတဲ့ဟာကို
ဘာနဲ့သွားဝယ်​စားရမှာလဲလို့ ..အီး..ဟီး"

You've reached the end of published parts.

⏰ Last updated: Sep 10, 2018 ⏰

Add this story to your Library to get notified about new parts!

💕L.O.V.E IN RECTANGLE💕Where stories live. Discover now