ှနှင်းဆီခိုင်ဆိုသည့်အတိုင်း လှပသော်လည်း
အဆူးတွေနဲ့ အန္တရာယ်များတဲ့သူဆိုရင်လည်း မမှားသူ ...
မိန်းကလေးများကို မကြွေကြွေအောင်
လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့ တဖြုတ်ဖြုတ်ချွေတတ်သူ...
သို့သော် ဘယ်မိန်းကလေးကိုမှ အတည်တကျမတွဲဘဲ playboy ဆိုသည့်ဂုဏ်ပုဒ်ကိုသာ
လက်ဆွဲကျင့်သုံးနေသူ တစ်ယောက် .....
ထွက်နေတဲ့ ဒေါသလေးတွေကို
ခဏလျော့ပြီး အလုပ်ဆက်လုပ်ဖို့
စာရွက်လေးကို ပြန်ကိုင်လိုက်စဉ်မှာဘဲ ..
ကျွီ ...ဒုန်း ...
" what the ...."
ညကြီးအချိန်မတော် ရုတ်တရက်ထွက်ပေါ်လာတဲ့
ကြက်သီးထစရာ အသံကြီးကြောင့် လက်ထဲက ကိုင်ထားတဲ့ စာရွက်လေးတောင် လွတ်ကျသွားတယ် ...
ကော်ဖီသွားဖျော်နေတဲ့ yoongi hyung ကလည်း
အလန့်တကြားပြေးထွက်လာကာ
" ဘာဖြစ်တာလဲ jimin "
" မသိဘူး hyung , ခြံရှေ့က အသံဖြစ်မယ်ထင်တယ်.."
Yoongi hyung လည်း
ပြတင်းပေါက်လိုက်ကာကတစ်ဆင့်
ခြံရှေ့ကို လှမ်းကြည့်လိုက်တော့ ..
" ဟင် ..အဲ့ဒါ Taehyung ကားမလား "
"ဟမ် ?"
ကျတော်လည်း Yoongi hyung ပြောလို့
ကမန်းကတန်းထကြည့်လိုက်ပြီး
စိတ်ထဲမှ နောက်တစ်ကြိမ် ကျိန်ဆဲမိပြန်သည်..
လဒလေး ..
ကျန်ခဲ့တဲ့သူတွေကို ဒုက္ခတွေတန်းဆီပြီး ပေးခဲ့တာအားမရလို့
ပြန်လာတော့လည်း ဒုက္ခကိုတစ်ပါတည်း ခေါ်လာတယ်...
အကြောင်းကား ...
အိမ်ရှေ့ ခြံစည်းရိုးတံခါးကို ဝင်ကျုံးထားတဲ့
ပြိုင်ကားအနီရောင်ကြောင့်ပင် ....
ဒုန်း ဒုန်း ဒုန်း ...
ကျိန်ဆဲနေတုန်းရှိသေး ..
အိမ်တံခါးကို တဘုန်းဘုန်း ထုရိုက်လာတဲ့အသံ ...
Yoongi hyung ကတံခါးလည်း သွားဖွင့်ပေးလိုက်ရော
အိမ်ထဲကို ကျွမ်းထိုးမှောက်ခုံပစ်ပြီး ဝင်လာတဲ့
kim taehyung ရယ် ...
အရက်နံ့ကလည်း တထောင်းထောင်း...
ဒီလောက် လူမှန်းသူမှန်းမသိမူးနေတာတောင် အိမ်အထိ ကားမောင်းပြီးပြန်လာနိုင်တာက တော်ရုံစကေးလား....
ပါးစပ်ကလည်း ဘာတွေပြောနေမှန်းမသိ ...
" hyung သူ့ကို အခန်းထဲသွားပို့လိုက်တော့မယ် "
" မြန်မြန်သာပို့လိုက်တော့ hyung ရေ
နားတွေလည်း ညီးလှပြီ "
အမူးသမားကို yoongi hyung ခေါ်သွားပြီး
ကျတော်လည်း တံခါးပိတ်မည်အလုပ်
အပြင်ဘက် နံရံအမှီလေးမှာ တောင့်တောင့်လေးရပ်နေတဲ့
ဆံပင်အနီရောင်နဲ့ ကောင်လေးတစ်ယောက် ...
"ဘယ်သူလဲ ?"
ကြည့်ရတာ ခုန Taehyung နဲ့ပါလာတာဖြစ်မယ်
ပုံစံကြည့်တော့လည်း တော်တော်လေးကြောက်နေတဲ့ပုံ
စကားပြောတာတောင် အထစ်ထစ်အငေါ့ငေါ့နဲ့ ..
"ဟို ဟိုလေ .."
" Taehyung ရဲ့ အသိလား ?"
" Arni "
" ဟမ် ဒါဆို မင်းဒီမှာ ဘာလုပ်နေတာလဲ "
" Kim Taehyung ခေါ်လာလို့ပါ .."
ကျစ် ..ဒီကောင်လေး စကားပြောတာကိုက အချိုးမပြေဘူး ...
"ဟုတ်ပီ ဒါဆို နောက်ဆုံးတစ်ခုမေးမယ် ...
Kim Taehyung က မင်းကို ဘာလို့ခေါ်လာတာလဲ ?"
.....
"ဘာ...."
ညတစ်နာရီဝန်းကျင်အချိန်တွင်
မှေးဆင်းနေသောမျက်ဝန်းအစုံတို့သည်
ကောင်လေးစကားကြောင့် ကော်ဖီသောက်စရာမလိုဘဲ
ပြူးကျယ်ခဲ့ရသည် ။
ထိုကောင်လေး ပြောလိုက်သည်ကား
-
-
-
-
-
" ကျတော်က သူယူထားတဲ့ သူ့ယောက်ျားမို့လို့ပါ ..."
-
-
-
Kim Taeyung ...
မနက်မိုးလင်းတာနဲ့ မင်းဒီကိစ္စကို ရှင်းဖို့တော့လိုပြီ
..........
TBC....
တိုပါတယ် အရမ်းတိုပါတယ် 😭😭
ဒီအပိုင်းက ဒီလောက်ဘဲမို့ နောက်အပိုင်းမှ
နည်းနည်းလေးရှည်အောင်ရေးပေးပါ့မယ်နော် 😁
#violet
KAMU SEDANG MEMBACA
💕L.O.V.E IN RECTANGLE💕
Romansaဝါးပင်လေးတွေ လေယူရာဘက်ကို ယိမ်းကြသလိုဘဲ နှလုံးသားဆိုတာကလည်း အချစ်ရှိရာဘက်ကို လိုက်ကြစမြဲပါ 09/06/2018
Ep-1
Mulai dari awal
