သူတို့ နှစ်ယောက် အကြား ဟိုး ကတည်း က ရန်ငြိုး ကြီးကြီး တစ်ခု ရှိလောက်တယ် ဆိုတာ လူတိုင်း သိကြသည် ဒါမယ့် ဘာ ကြောင့် ရယ် ဆိုတာ သေချာ မသိ

သတင်း သဲ့သဲ့ ထွက်သည်က ခပ်ချောချော မမ တစ်ယောက် ကြောင့် ဟုသာပင်

~ ပြိုင်ပွဲ မကြာခင် စမယ်

~ Woahhh

ဒိုင် အဖြစ် လုပ်နေတဲ့ တစ်ယောက်ဆီ က အသံ ကြားတော့ ဆူညံသံ ထွက်လာသည်

အကုန်လုံး စိတ်ဝင် တစား သာ လာကြည့် နေတာ

ဘယ်သော အခါ မှ ဘယ်ပြိုင်ပွဲ မှာမှ ဒီလူသား နှစ်ယောက် က အနိုင် အရှုံး ပေါ်ခဲ့ သည် မဟုတ်ပေ

အခုလည်း ကားမောင်း ပြိုင် ပွဲ

ဒါမယ့် တစ်ယောက်က ဆိုင်ကယ် နဲ့ ပြိုင်မယ် တဲ့လေ

~ START

ထိုသို့ အသံ ကြားလိုက် သည်နဲ့ တစ်ပြိုင် နဲ့ လေ အဟုန် လို မြန်တဲ့ ဆိုင်ကယ် တစ်စီး နဲ့ ကားတစ်စီး က မောင်းထွက်သွားကြသည်

အကုန်လုံး ကတော့ သူတို့ လူ နိုင်ဖို့ ဆုတောင်းရင်းပေါ့

~ ဟိုမှာ လာပြီ Park Chan ကွ

ဂိတ်ဆုံး ဟု သတ်မှတ် ထား သည့် နေရာ အနား စုပြုံနေရင်း ကားတစ်စီး လာတာ လည်း တွေ့ရော အော်သံတွေ ဆူညံ သွားသည်

~ ဟိုမှာ KJ ကွ

Kim Jongin ကို အားပေး သည့် အဖွဲ့ ကလည်း အားကျ မခံ ဆူညံ သည့် အသံတွေ ထွက်လာရသည်

ဒီတစ်ခါ ပြိုင်ပွဲ မှာလည်း အနိုင် အရှုံး မပေါ် ခဲ့ပေ

နောက်ဆုံးတော့ ရန်ပွဲ နဲ့သာ အဆုံး သတ်ခဲ့လေသည်

~~~~~~~~~~******~~~~~~~~~

Kim စံအိမ်တော်

~ Hyung !!! Hyung ဘာဖြစ် တာလဲ Hyung မျက်နှာကို ဘယ်သူ လုပ်တာ လဲလို့

Jongin ဆိုင်ကယ် ရပ်ပြီး ကတည်း က အနောက်က နေ တဂျီဂျီ လိုက်မေး နေတဲ့ Baek Hyun လေး သူ့ ထက် ၁၀ နှစ်တိတိ ငယ်သည့် Baekhyun လေး က အခု မှ ၁၀ နှစ်သား ပင် ရှိသေး တာပင်

~ Hyung ကို အဲ့လို ဖြစ်အောင် လုပ်လိုက်တဲ့ သူကို ကျွန်တော် မုန်း တယ်

အမုန်းစီးချင်း Where stories live. Discover now