ရေချိုးရန် အင်္ကျီကြယ်သီးဖြုတ်နေသော ပိုင့်အနားကို Down ရောက်သွားသည်။ ပိုင့်အင်္ကျီကြယ်သီးကို တစ်လုံးချင်းဖြုတ်ပေးလိုက်သည်။

""မနက်ဖြန် ဘာအစီအစဉ်ရှိလဲ၊ မိုးလင်းတာနဲ့ တန်းပြန်မယ်လို့ မပြောပါဘူးနော်""

Downမေးတာကို ပိုင်စီးက လှောင်ရယ်သည်။

""မနက်ဖြန်နေ့တစ်ပိုင်း မင်း စိတ်တိုင်းကျ လုပ်ချင်တာလုပ်၊ ဘာလုပ်ချင်လဲ? နေ့လည်ဆယ့်နှစ်နာရီထိ မင်းလုပ်ချင်တာလုပ်ကွာ""

""စွန် ... စွန်လွှတ်ချင်တယ်""

""စွန်?""

""အင်း စွန်၊ ပိုင် စွန်လွှတ်ဖူးလား""

 ပြန်ပြောင်းသတိရမှု့တစ်ခုကြောင့် ပိုင်စီး ငြိမ်သက်သွားသည်။ ခေတ္တခဏကြာမှ သက်ပြင်းခပ်လေးလေးချပြီး

""အင်း လွှတ်ဖူးတယ်၊ ငယ်ငယ်က မိုးကုတ်မြေမှာ""

ဘောင်းဘီခါးပတ်ခေါင်းကို ဖြုတ်လိုက်သော Downလက်တွေ တုန်ရီစပြုလာတာကို ပိုင်စီးသတိမထားမိ။

""စွန်ဆိုတာ အဖော်နဲ့ လွှတ်မှ ပျော်ဖို့ကောင်းတာ၊ မိုးပေါ်မှာ ဝဲနေတဲ့ သူ့စွန် ကိုယ့်စွန် အချင်းချင်း ကြိုးဖြတ်ရတာ ပျော်စရာပဲလေ၊ ပိုင်နဲ့အတူ စွန်လွှတ်ဖော်ရှိခဲ့လား""

စကားအဆုံး ခါးပတ်ကို ဘောင်းဘီခါးကွင်း အသီးသီးမှ ဆွဲဖြုတ်ယူလိုက်သည်။

""ရှိတယ် ... ခပ်ဝဝ ကောင်လေးတစ်ယောက်၊ လုံးတုတ်နေအောင် ဝ တဲ့ ကောင်လေးတစ်ယောက်""

အဟင်း ပိုင် မမေ့သေးဘူးပဲ ...

Down ပြုံးလိုက်မိပေမဲ့ အပြုံးတွေက သိပ်မပီပြင်။

""ပင် လယ် နေ ပူ ရင်... ဖြစ် ခြင်း သ ဘော တွေ
ဟိုး ... တောင် ပြာ တန်း ရိုး မိုး စက် မှုန် ရင်
တို့ ရဲ့ စိတ် တွေ ပြေး သွား ခဲ့ သည်
မင်း တစ် ယောက်""

သီချင်းဆက်မဆိုနိုင်အောင် ပိုင်စီး၏ နှုတ်ခမ်းဖျားကို Downက ဆွဲငုံ့ယူကာ တပ်မက်စွာ နမ်းလာသည်။ အောက်နှုတ်ခမ်းဖျားကို တစ်လှည့်၊ အပေါ်နှုတ်ခမ်းကိုတစ်လှည့် ဆွဲစုပ်ငုံသည်။

လုံလောက်ပြီ၊ ဒီလောက် မှတ်မိပေးရင် လုံလောက်ပြီ။

မွတ်သိပ်သော အနမ်းများ၏ ဆွဲဆောင်မှု့ကြောင့် ခြေလှမ်းတွေ ယိုင်တိုင်တိုင် ရွေ့လျှက် စားပွဲခုံပုကို ဝင်တိုတ်မိသည်။ စားပွဲခုံပေါ်က ဖုန်းက အောက်ပြုတ်ကျပြီး နံရံက ပလပ်ခုံမှာ သွယ်တန်းထားသော အားသွင်းကြိုးနှင့် ပြတ်တောတ်သွားတာကို Down မြင်လိုက်သည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now