ဓာတ်လှေကားကထွက်ပြီး အခန်းထဲ ဝင်ရန် BaekHyun မှာ လုံးပမ်းနေရသည်မို့ စကားပြန်မပြောနိုင်သေး။
အခန်းထဲ ဝင်ပြီးတော့မှ ChanYeol ကို ကြည့်လိုက်သောအခါတွင် မျက်နှာမှာ မျက်ရည်များ တွေ့လိုက်ရသည်ကြောင့် BaekHyun လန့်သွားသည်။
"ကျွန်တော် hyung ကို အရမ်းချစ်တာ.. သိရဲ့လား~"
ငိုသံကြီးနှင့် ပြောနေသော ChanYeol ကို ကြည့်ပြီး BaekHyun မှာ အံ့သြမဆုံး။
အရက်မူးရင် သည်ကောင်လေးက emotional ဖြစ်လာတတ်တာလား?
"ခင်ဗျားကလွဲရင် တခြားဘယ်သူ့ကိုမှ ဂရုမစိုက်တတ်လို့ပါ.. ခင်ဗျားကို ကျွန်တော် ဘယ်လောက်ချစ်လိုက်သလဲ"
"..."
ပြောပြီးနောက် မျက်ရည်များကို သုတ်ပြီး ယိုင်တိယိုင်တိုင်ဖြင့် အခန်းထဲ ဝင်ရန် ကြိုးစားနေသည်မို့ BaekHyun မှာ နောက်က လိုက်ထိန်းပေးရသည်။
"ကျွန်တော်ချစ်တာ ခံရတော့ ခင်ဗျားဘဝကြီးက ဘယ်လောက်ကျေနပ်စရာ ကောင်းလိုက်သလဲ?"
မွေ့ယာစွန်း၌ ထိုင်ချရင်း BaekHyun ခါးကို လှမ်းဖက်ကာ ChanYeol ပြောလာသည်။
ဘယ်လောက်ချစ်ကြောင်းတွေ ပြောနေသည်မို့ BaekHyun မှာ ကြည်နူးမလို ဖြစ်ရုံရှိသေး.. ကိုယ်တော်လေးက ထုံးစံအတိုင်း စိတ်တိုချင်စရာကောင်းအောင် ပြောပြန်၏။
"ကျွန်တော့်ကို စိတ်ဆိုးမပြေသေးဘူးလား?"
BaekHyun စိတ်မဆိုးတော့ပါ။
သို့သော်ငြား အခြေအနေနှင့် အချိန်အခါသည် သူ့အတွက် အခွင့်ကောင်းတစ်ခုကို ပေးနေသည်မို့ လက်လွတ်မခံဖို့ ဆုံးဖြတ်လိုက်သည်။
"ငါ တောင်းဆိုတာကို လက်ခံပေးရင် စိတ်ဆိုးပြေမယ်.."
"ဘာတောင်းဆိုမှာလဲ?"
"ငါ မင်းကို လုပ်မယ်.. မင်း အောက်မှာနေ"
"ရတယ်.. လုပ်ချင်သလိုလုပ်"
ချက်ချင်းလက်ငင်းကြီးကို သဘောတူသည်မို့ BaekHyun မျက်ခုံးများပင် ပင့်တက်သွားရသည်။
အရက်မူးနေလို့ပဲ ဒီလောက်လွယ်လွယ် လက်ခံလိုက်သည်လားမသိ။
ထားတော့!
ရသည့်အခွင့်အရေးကို ရသလို အသုံးချရမည်။
ChanYeol နှုတ်ခမ်းများကို BaekHyun မွတ်မွတ်သိပ်သိပ် နမ်းရှိုက်ပစ်လိုက်ပြီး ChanYeol ကို အိပ်ယာပေါ် ပစ်လှဲချပစ်လိုက်သည်။
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨Bonus Chapter✨
Start from the beginning
