🌟MY SPECIAL MAN(나의 특별한 남자)🌟
✨제 7 장✨
ChanBaek BaekYeol
Yaoi
Zawgyi
Park ChanYeol's pov :
ဆယ်ကျော်သက်အရွယ်မှာ ချစ်မိတဲ့အချစ်ကို လူအတော်များများက သိပ်အထင်မကြီးတတ်ကြ..
မနူးမနပ်အရွယ်လေးတွေမို့ အချစ်ဆိုသည်ကို ခံစားတတ်မှာမဟုတ်သေး၊ စိတ်ကစားတာသက်သက်ဟု သတ်မှတ်ကြသည်။
ထားပါလေ..
မှန်ချင်လည်းမှန်မည်။
မှားချင်လည်း မှားမည်။
ကျွန်တော့်အဖို့ကတော့ အသက်ဆယ့်တစ်နှစ်အရွယ်မှာ သူ့ကို စတွေ့ပြီး ချစ်ခဲ့သည်။
ထိုအချစ်ကလည်း ခုအသက်ဆယ့်ကိုးနှစ်ထိ တည်မြဲနေဆဲ...
ရင်းနှီးခင်မင်ချိန်ဟာ တစ်လကျော်လောက်သာ ဖြစ်ခဲ့တာတောင်မှ၊
ရေမြေခြားမှာ ရှိနေချိန်ဟာ ရှစ်နှစ်ခန့် ကြာမြင့်ခဲ့တာတောင်မှ ထိုအချစ်ဟာ မပြောင်းလဲ၊ မပျောက်ပျက်ခဲ့။
ဒါ ဖြစ်နိုင်ပါ့မလား။
ဆယ်ကျော်သက်ဟုတောင် မဆိုနိုင်သေး.. ကလေးပေါက်စသာသာ အရွယ်က ဖြစ်တည်ခဲ့တဲ့ အချိန်ဟာ ရှစ်နှစ်ကြာသည်ထိ မပြောင်းလဲပဲ ရှိနိုင်သည်တဲ့လား..
ကြားရသူ သံသယဖြစ်ချင်လည်း ဖြစ်စရာပင်။
ဖြစ်တည်လာနိုင်ဖို့ ခဲယဉ်းသည်ဟု လူအများစုက သတ်မှတ်ထားသည့် အချစ်ဟာ ကျွန်တော့်ဆီမှာ ဖြစ်တည်လာခဲ့သည်မို့ ကျွန်တော်ကတော့ ထိုအချစ်ကို ဘဝအဆက်ဆက်က ဖြစ်တည်လာခဲ့သော ရေစက်ဟု သတ်မှတ်ပြီး ထိုအချစ်ကို ဖြစ်ပေါ်စေခဲ့သူအား ကျွန်တော်၏ ဖူးစာဖက်ဟု သတ်မှတ်သည်။
ထို့ကြောင့်ပင် မဝေးသောတစ်နေ့မှာ ထိုသူသည် ကျွန်တော့်ရင်ခွင်ထဲ မုချရောက်လာရမည်ဟု ယုံကြည်၏။
~ • ~
အသက်ဆယ့်တစ်နှစ်အရွယ်မှ စ၍ ဆယ့်ကိုးနှစ်အရွယ်အထိ ရှစ်နှစ်တိုင်တိုင် ကနေဒါတွင် မိဘများနှင့်အတူ နေထိုင်ခဲ့သည်။
ချစ်ရပါသော Byun BaekHyun နှင့် မိုင်ပေါင်းထောင်ချီပြီး ဝေးနေပါသော်လည်း၊
ီရှစ်နှစ်တာအတွင်း တစ်ချက်လေးတောင် အဆက်အသွယ်မရှိပါသော်လည်း၊
အနောက်တိုင်း ဖြူ ဖြူ ဖွေးဖွေး ချောချောလှလှအတော်များများ ရေလာမြောင်းပေးပြုကြပါသော်လည်း...
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
