✨Bonus Chapter✨

Start from the beginning
                                        

အရပ်ရှည်ရှည်၊ ဒေါင်ကောင်းကောင်း၊ နားရွက်ကားကားနှင့် ထိုသူသည် Park ChanYeol မှ Park ChanYeol စစ်စစ်။

ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲဟု BaekHyun တွေးကာ အံ့သြနေရင်းကပဲ ကချင်သလို ကခုန်နေသော ChanYeol ကို ကြည့်ပြီး ရယ်ချင်လာသည်။
ဒီလိုပုံစံမျိုးက မြင်ရခဲသည်မဟုတ်ပါလား..

အချေဆိုက်နှင့် တည်ငြိမ်သူ Park ChanYeol တစ်ယောက် ကွေးနေအောင် ကနေသည်ကို BaekHyun ဗီဒီယိုအမိအရ ဖမ်းယူလိုက်သည်။

"ဟျောင့်! ပြောစမ်း! ဘယ်စကီလေးကို ဗီဒီယိုရိုက်နေတာလဲ?"

ပြောရင်းဆိုရင်းနှင့် ဖုန်းကို ဆွဲလုဖို့ ကြိုးစားနေသော Oh SeHun ကြောင့် BaekHyun ဖုန်းကို အတင်းသိမ်းထားလျက်ပဲ ChanYeol ရှိရာသို့ ထပ်ကြည့်၏။

သည်တစ်ခါတွင် ChanYeol ကနေသည်ကို ကြည့်ပြီး BaekHyun မရယ်နိုင်တော့..။
အကြောင်းအရင်းမှာ ChanYeol အနားသို့ မသိမသာ ကပ်လာသော မိန်းကလေးအချို့ကြောင့်ပင်။

မထော်မနန်း ကချင်သလို ကနေတာတောင်မှ စော်ကြည်နေသော ကောင်စုတ်လေးကြောင့် BaekHyun သဝန်တိုရပြီ။

"ငါ အရေးကြီး ကိစ္စရှိလို့.. ပြန်နှင့်ပြီနော်"

💫💫💫

ခေါင်းမထောင်နိုင်လောက်အောင် မူးရူးနေသော ChanYeol လက်တစ်ဖက်ကို ပုခုံးပေါ် တင်ကာ သူ့ကိုယ်လုံးကြီးကို BaekHyun မနိုင်မနင်း သယ်ရင်း လှေကားပေါ် တက်လာသည်။

"Aigoo.. BaekHyunee"

အီလေးဆွဲသလို လေသံဖြင့် သူ့နာမည်ကို ခေါ်လာသော ChanYeol ကြောင့် BaekHyun ဓာတ်လှေကားဆီ သွားနေသော ခြေလှမ်းများပင် ရပ်တန့်သွားရ၏။

မူးရူးနေသဖြင့် ဖုံးကွယ်ထားသော အကျင့်တွေ ပေါ်လာပြီထင်ပါရဲ့။
သို့သော်လည်း လောလောဆယ် BaekHyun မရယ်နိုင်သေး.. လေးနင့်နေသော ကိုယ်ခန္ဓာကြီးကို သယ်ပိုးထားရသည်မှာ အသက်ထွက်မတတ်ပင်။

"BaekHyunee hyung ~ ကျွန်တော် မှားသွားပါတယ်..."

အာလေးလျှာလေးနှင့် ပြောလာသော တောင်းပန်စကားကြောင့် BaekHyun ပြုံးမိသည်။

သည်ကောင်လေး..
သူ့အမှားတော့ သူ သိသားပဲ ~

"ကျွန်တော် အဲ့လိုမပြောလိုက်သင့်ဘူး.. ကျွန်တော် တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့နော်"

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now