စီးချက်အလိုက် ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ ကနေသော မိန်းကလေးများသည် BaekHyun ၏ အာရုံကို မဖမ်းစားနိုင်...။
*Park ChanYeol ကောင်းမှုကြောင့် ငါ တကယ် gay သွားပြီပဲ..*
BaekHyun ဘီယာခွက်ကို ကောက်မော့ကာ သူ့ဖာသာသူ ဟိုတွေးဒီတွေးလျှောက်တွေးနေသည်။
*ဒါမှမဟုတ် အရင်ကတည်းက gay နေတာ ကိုယ့်ကိုကိုယ် မသိတာများလား?*
club လာပြီး မြူးမြူးကြွကြွ တေးသံထဲ မစီးမျောနိုင်ပဲ BaekHyun စဉ်းစားခန်း ဝင်နေစဉ် သူနှင့်အတူတူ တစ်ဝိုင်းထဲ ထိုင်နေသော KyungSoo က သူ သောက်နေသည့် ဘီယာခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်သည်မို့ အနားတွင် ထိုင်နေသူအားလုံး ထိတ်လန့်သွားရ၏။
"ရုတ်တရက်ကြီး ဘာထဖြစ်တာလဲဟ"
JongIn က အလွန် ထိတ်လန့်သွားဟန်ဖြင့် သူ့ရင်ဘတ်သူ အပိုလုပ်ပွတ်သပ်ပြရင်း မေးသည်။
"စဉ်းစားလေ စိတ်တိုလေပဲကွာ.."
KyungSoo ဘာကိုဆိုလိုချင်လဲ ဆိုသည်ကို BaekHyun တို့အားလုံး သဘောပေါက်လိုက်သည်။
သူ SeHun ခေါ်တုန်းက သည်ကို နှစ်ခါမခေါ်ရပဲ လိုက်လာရသည့် အကြောင်းအရင်းမှာ သူ့ညီမ HyeJung ကြောင့် ဖြစ်သည်ဟု ပြော၏။
ညီမဖြစ်သူသည် ငိုယိုနေပြီး အပူသည်လုံးလုံးဖြစ်နေသည်မို့ KyungSoo လည်း စိတ်ညစ်ညစ်နှင့် အိမ်မှာ မနေချင်တော့ပဲ club ကို ထွက်လာခဲ့ခြင်းပင်။
HyeJung ကို မျက်ရည်နှင့်မျက်ခွက် ဖြစ်အောင် လုပ်သည့် တရားခံကတော့ တခြားလူမဟုတ်နိုင်..။
တိုက်ရိုက်အနေဖြင့် တရားခံသည် ChanYeol ဖြစ်ပြီး BaekHyun ကျတော့ သွယ်ဝိုက်တရားခံဟု ဆိုရမည်လား။
"တွေးရင်း တွေးရင်းနဲ့ အဲ့ကောင် ခေါင်းကို ရိုက်ခွဲချင်လာတာ.."
KyungSoo ၏ အံကြိတ်ပြောသံကြောင့် ChanYeol အစား BaekHyun ကပဲ ခေါင်းကျိန်းရပြန်ပါသည်။
KyungSoo ရေရွတ်နေသည်များကို BaekHyun မသိချင်ယောင်ဆောင်ပြီး သောက်လက်စ ဘီယာခွက်ကို မော့သောက်ကာ dancing floor ဆီသို့သာ အကြည့်ပို့လိုက်၏။
စိတ်လွတ်လက်လွတ် ကခုန်နေသူများကို ကြည့်နေရင်းက ရုတ်တရက် မြင်ကွင်းထဲ ဝင်လာသူတစ်ယောက်ကြောင့် BaekHyun မျက်လုံးပြူးသွားသည်။
ANDA SEDANG MEMBACA
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fiksyen Peminat➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨Bonus Chapter✨
Mula dari awal
