✨Bonus Chapter✨

Start from the beginning
                                        

변백현 'ㅅ' : ငါ လာခဲ့မယ်​✉

김종 🐻 : အောင်မယ်.. တက်ကြွတဲ့ ကြက်ဖကြီးပါလား✉

ChanYeol ကို သက်သက်အရွဲ့တိုက်ချင်သဖြင့် BaekHyun ချက်ချင်းသဘောတူလိုက်ခြင်းဖြစ်သည်။

သူတောင် BaekHyun ကို ဂရုမစိုက်တာ..
BaekHyun လည်း သူ့ကို ဂရုမစိုက်ပဲ club သွားကဲမည်.. ဒါပါပဲ။

D.O. : ငါလည်း ​​​လာခဲ့မယ်✉

ထပ်ဝင်လာသော message ပိုင်ရှင်မှာ KyungSoo ဖြစ်သည်မို့ BaekHyun မျက်လုံးပြူးသွားသည်။

변백현 'ㅅ' : အိုအမ်မ်ဂျီ! ထူးဆန်းထွေလာတွေ ဖြစ်လာပြီ✉

오세 : ထီထိုးရင်ပေါက်မလားမသိ.. ဒိုဂရောင်ဆူးက club ကို နှစ်ခါခေါ်စရာမလိုပဲ လာမယ်တဲ့✉

BaekHyun တို့အဖွဲ့ club သွားလျှင် KyungSoo မပါသည်ကများသည်။
SeHun သို့မဟုတ် JongIn တို့ အာပေါက်မတတ် ခေါ်မှ လာတတ်သည့်သူမျိုး။

ခု ထိုသူက club လာဖို့ ချက်ချင်းသဘောတူနေသည်မို့ အကုန်ထူးဆန်းနေကြ၏။

BaekHyun ဖုန်းကို ကုတင်ပေါ် အသာချ၍ အဝတ်အစားလဲကာ သွားဖို့ ပြင်ဆင်ရ၏။
မသုံးရတာကြာပြီဖြစ်သော eyeliner ဘူးလေးကို ယူကာ မျက်လုံးတစ်ဝိုက်ကို ခြယ်သပြီးနောက် ဆံပင်ကို အနည်းငယ်သကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။

ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ChanYeol ရှိမနေ။
BaekHyun မျက်နှာမှုန်ကုပ်သွား၏။

ChanYeol ကို ရွဲ့သည့်အနေနဲ့ ChanYeol ရှေ့မှာတင် အပြင်ထွက်ပြမလို့ပါဆိုနေမှပဲ...
မရှိတော့လည်း ဘယ်တတ်နိုင်မလဲလေ။

ChanYeol ကို ခေါင်းထဲထည့်မနေတော့ပဲ လေလေးချွန်ကာ သူငယ်ချင်းများ စုဝေးကြမည့် club သို့ BaekHyun ထွက်လာခဲ့သည်။

💫💫💫

'SoulTree' club သည် ဆိုးလ်မြို့ရှိ လူငယ်လူရွယ်များ စိတ်လွတ်လပ်ပျော်ရွှင်မှု ရှာဖွေရာနေရာများထဲမှ တစ်ခုဖြစ်ပြီး ဆိုးလ်မြို့၏ အကောင်းဆုံး club များထဲတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

လှပသော မီးရောင်စုံအောက် DJ က ဖန်တီးပေးလိုက်သော မြူးမြူးကြွကြွ တေးသံစဉ်များနှင့်အတူ လူငယ်များဟာ dancing floor ၌ စိတ်လွတ်ကိုယ်လွတ် ကခုန်နေကြ၏။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now