တစ်ဖက်က ပြောတာကို နည်းနည်းလေးမှ မစောင့်ပဲ သူ့ဖာသာသူ ပြောချင်ရာ ပြောပြီး ဖုန်းချလိုက်သည့် ChanYeol ကို BaekHyun ကြောင်အကာ ကြည့်နေသည်။
"ကဲ! လမ်းခွဲပြီးသွားပြီနော်"
"Park ChanYeol! မင်း တကိုယ်ကောင်းဆန်လှချည်လား.. မင်း လုပ်လိုက်တဲ့ လုပ်ရပ်ကို မင်းသိရဲ့လား ဟမ်!"
"ဘာလို့ ဒီလောက် ဂရုစိုက်နေတာလဲ hyung.. လမ်းခွဲပြီးရင် ပြီးပြီမဟုတ်ဘူးလား? ကျေနပ်တော့လေ"
"မင်း အဲ့ဒါ ကောင်းတဲ့အလုပ်လား.. မင်းကို စိတ်ရင်းလေး ကောင်းတယ် ထင်ခဲ့တာ။ ဘာလို့ ဒီလောက်ဆိုးရတာလဲ? မိန်းကလေးတစ်ယောက်ကို မင်း ဒီလို လွယ်လွယ်ကူကူ သဘောမထားသင့်ဘူး"
"ဘာလဲ BaekHyun? ခုထိ သူ့အပေါ် ခံစားချက် ကျန်နေသေးတာလား.. ဟက်! ဒါဆိုရင် လမ်းခွဲလို့ မဖြစ်သေးဘူးထင်တယ်"
BaekHyun တော်တော် စိတ်ပျက်သွားသည်။
ChanYeol ကို ဒီလောက် ဆိုးပြီး တကိုယ်ကောင်းဆန်သည့်သူလို့ မထင်ခဲ့မိ..။
စကားဆက်မပြောချင်တော့သည်မို့ BaekHyun ကိုယ့်အခန်းထဲကိုသာ ဝင်လာခဲ့သည်။
ချစ်သူတွေဖြစ်သွားကြတာဖြင့် ဘယ်နှရက်မှ မကြာသေး.. ရန်ဖြစ်နေရပြီ။
ကုတင်ပေါ် တက်လိုက်ကာ ခေါင်းရင်းကို ကျောမှီကာ ထိုင်လိုက်ပြီး စိတ်ပြေလက်ပျောက် အင်တာနက်သုံးရန် ဖုန်းဖွင့်လိုက်သည်။
BaekHyun အင်တာနက်သာ သုံးနေရသော်လည်း သိပ်စိတ်မပါလှ။
မျက်လုံးက သူ့အလိုလို အခန်းတံခါးဆီသို့သာ လှမ်း,လှမ်းကြည့်နေမိသည်။
ChanYeol ဘက်က မှားတာ မဟုတ်လား..
BaekHyun စိတ်ဆိုးသွားသည်ဆိုလျှင် နောက်ကလိုက်လာပြီး တောင်းပန်သင့်သည်လေ။
သို့သော်လည်း အကြောတင်းကိုယ်တော်ကို BaekHyun မျှော်မနေချင်တော့။
သူ့မှာ အမှားမှ မရှိပဲ..
instagram စာမျက်နှာပေါ် ဟိုကြည့်ဒီကြည့်လုပ်နေရာက kakao group chat မှ message ဝင်လာသည်မို့ BaekHyun ဝင်ကြည့်လိုက်သည်။
✉오세 : ဟျောင့်တွေ! ငါနဲ့ Tao ခု SoulTree ရောက်နေလို့.. လာခဲ့ကြပါလား✉
message ပိုင်ရှင်က Oh SeHun။
ဘယ်လိုဖြစ်လို့ နှစ်ကောင်သား club ကို ရောက်နေလဲ မသိပေမယ့် BaekHyun ချက်ချင်းလိုလို ပြန်ဖြေလိုက်သည်။
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨Bonus Chapter✨
Start from the beginning
