မိန်းကလေးတစ်ဦးကို ဒီလို လွယ်လွယ်ကူကူ သဘောထားတာမျိုး BaekHyun တကယ် သဘောမကျပါ။
ChanYeol ရေချိုးပြီး ထွက်လာသောအခါမှ ဒီကိစ္စရှင်းရမည်ဟု တွေးကာ ကြည့်လက်စ drama ကို ဆက်ကြည့်နေရင်း စောင့်နေလိုက်သည်။
သုံးမိနစ်လောက် ကြာသောအခါ ChanYeol ထွက်လာကာ BaekHyun နားကို လာထိုင်၏။
"Park ChanYeol! မင်း HyeJung နဲ့ လမ်းမခွဲရသေးဘူးလား?"
ထိုင်ပြီးပြီးချင်း BaekHyun က လေသံမာမာနှင့် ပြောလာသည်မို့ ChanYeol အအေးဘူးကို မော့သောက်နေရာက မျက်လုံးကို BaekHyun ဘက် စောင်းကြည့်သည်။
"လမ်းခွဲစရာလိုသေးတာလား... ကျွန်တော် သူ့ကို အဆက်အသွယ် မလုပ်တော့ဘူးလေ။ ပြီးပြီမဟုတ်ဘူးလား?"
မင်သေသေမျက်နှာပေးနှင့် ပြောလာသော ChanYeol ကို BaekHyun နားရင်းပိတ်အုပ်လိုက်ချင်သော်လည်း တကယ်တမ်းကျ မလုပ်ဖြစ်။
"အဲ့လို ရမလား.. တစ်ဖက်သားအတွက် နည်းနည်းပါးပါး တွေးဦးလေ။ ဟိုက မိန်းကလေးကွ.. မင်းဖာသာမင်း တွဲတုန်းက တွဲပြီး ခုကျမှ ပစ်ချချင်တိုင်း ပစ်ချခဲ့လို့ ရမလား.. လမ်းခွဲချင်တဲ့အကြောင်း သေသေချာချာ ကောင်းကောင်းမွန်မွန်ပြော! ကြားလား"
BaekHyun ပြောသမျှကို ChanYeol မင်သေသေနှင့် နားထောင်နေပြီးတော့မှ မော့သောက်နေသော အအေးဘူးကို စားပွဲပေါ်ချကာ လက်တစ်ဖက်ကို ဆိုဖာနောက်မှီပေါ် လှမ်းတင်၏။
ထို့နောက်တွင် BaekHyun ဘက်သို့ စောင်းလှည့်၍ သူ့နှုတ်ခမ်းကို စက္ကန့်အနည်းငယ်မျှ ကြာအောင် ဖိကပ်နမ်းရှိုက်ပြီးတော့မှ..
"ကောင်းပြီလေ..."
ဟု ဆိုကာ ChanYeol သည် သူ့ဖုန်းကို လှမ်းယူပြီး HyeJung ဆီ ဖုန်းခေါ်လိုက်သည်။
ChanYeol ဖုန်းကို စောင့်မျှော်နေပုံရသော HyeJung သည်လည်း ချက်ချင်းပင် ဖုန်းကိုင်၏။
"ဟယ်လို! မောင်.. မ တစ်ချိန်လုံး ဖုန်းတွေဆက်..."
"လမ်းခွဲစကားပြောဖို့ ဖုန်းဆက်လိုက်တာ မ! ဒီနေ့ကစပြီး မနဲ့ ကျွန်တော် ဘာမှမပတ်သက်တော့ဘူး.. အဆက်အသွယ်မလုပ်ဖြစ်ခဲ့တဲ့အတွက် ဆောရီးပါ။ ကျွန်တော့်ထက် အများကြီးသာတဲ့ ဘဲနဲ့ တွေ့ပါစေ.. ဒါပဲနော်~"
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨Bonus Chapter✨
Start from the beginning
