ဇွဲရန်အကြည့်တွေ လှုပ်ခက်လာသည်။

""Panorama ကို လက်ဝါးကြီးအုပ်ထားတဲ့ ပိုင်စီးကို ဆွဲချရအောင်""

စိတ်အားထက်သန်သော ချယ်ရီထွေး၏ စကားအဆုံး အချင်းချင်း အတန်ကြာ စိုက်ကြည့်နေပြီးနောက် ဇွဲရန်က တဟားဟား ထ ရယ်သည်။

""မင်းကိုယ်မင်း ပြောတိုင်းဖြစ်တဲ့ မီးခွက်စောင့်ဘီလူးမှတ်နေလား၊ မင်းက ဘာမိုလို့လဲ၊ ကိုယ်ပြောတဲ့ စကားနဲ့ ကိုယ့်အခြေအနေကို ကိုယ်ပြန်ကြည့်ရမှာပေါ့""

""ကျွန်မက ဦးပိုင်အာဏာနဲ့ သားကြီး ပိုင်ဇေအာဏာရဲ့ ဇနီးပဲ၊ မိသားစုဝါစဉ်အရ ကျွန်မက ပိုင်စီးရဲ့ အထက်မှာရှိတယ်၊ ကျွန်မယောက်ျားက ပိုင်အာဏာမိသားစုရဲ့ အကြီးမြတ်ဆုံးပဲ""

""အဲ့ဒါကို ဘယ်သူက အသိအမှတ်ပြုပေးလို့လဲ""

""ဦးပိုင်အာဏာရဲ့ အမွေကိစ္စကို ကောင်းကောင်းသိနေတဲ့ ရှင်က ဒီမေးခွန်းရဲ့အဖြေကို အသိဆုံးပဲလေ""

တွေဝေသွားသော ဇွဲရန်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ

""ကျွန်မတို့ ပိုင်စီးအာဏာကို ဖြိုလှဲရအောင်၊ ပြီးရင် Panoramaက ရှင်နဲ့ကျွန်မ ကမ္ဘာဖြစ်စေရမယ်၊ မဖြစ်နိုင်တာ မရှိဘူး၊ ပိုင်စီးအာဏာသာ မရှိတော့ရင် Panoramaကိုအပိုင်သိမ်းဖို့ လွယ်ကူသွားပြီ၊ ပိုင်စီးအာဏာကို ဖြုတ်ချဖို့ပဲ လိုတယ်""

ကိုပိုင်ဇေက လူအေး။ ကျန်းလောင်ဝေ့က ငပွေး။ Panoramaကို လက်ဝါးကြီးအုပ်ထားတာ ပိုင်စီးအာဏာပဲရှိတယ်။ ပိုင်စီးအာဏာသာ မရှိတော့ရင် ...

ငါက ပိုင်စီးအာဏာမဖြစ်နိုင်ပေမဲ့ Panoramaရဲ့ ဥက္ကဋ္ဌ ဖြစ်နိုင်တဲ့ သဘောလား ...

-----------------

""လိုချင်ရင် မင်းဘာသာ လာဝယ်လည်း ရရဲ့နဲ့ကွာ""

""ဝယ်ချင်လို့ မဟုတ်ပါဘူးနော်၊ ပိုင့်လက်ကို ဟောသလို ချိတ်ဆွဲပြီး shopping ထွက်ချင်လို့ သက်သက် ဥာဏ်ဆင်တာ""

လက်မောင်းကိုချိတ်ဆွဲကာ ပခုံးပေါ်လာမှီနေသည်။

အရှေ့တည့်တည့်မှာ မှန်အိမ်ထဲက ရွှေဖြူဆွဲကြိုး အမျှင်သေးသေးလေးတွေအား ထုတ်ပြနေသော အရောင်းဝန်ထမ်းမလေးကို ပိုင်စီး မလုံမလဲပြန်ကြည့်သည်။ အရောင်းဝန်ထမ်းမလေးက ပိုင်စီးနှင့်Downကို အထွေအထူး သတိမထားလို့ တော်ရော့သည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now