~~~
ချန်ယောလ် နဲ့ ဘတ်ဟျွန်းတို့  လာနေကျကျောက်ဆောင်နေရာလေး..
ချန်ယောလ် က ကျောက်တုံးလေး၂တုံးကို ပွတ်တိုက်နေသည်ကို ဘတ်ဟျွန်းတယောက်ထိုင်ကြည့်နေမိသည်
" ချန်ယောလ်.. "
" ဟမ် "
" ငါ့အကို.. ချွဲဟန် က မမဂျီရှင်းကို ထားသွားပြီပေါ.နော် "
ချန်ယောလ် ခေါင်းငြိမ့်ပြလိုက်သည်.. မထူးဆန်းတဲ့အရာပဲကို
" မင်းရော.. အဲလိုမျိုး ငါ့ကိုထားခဲ့မှာလားဟင် "
လက်ထဲက ကိုင်ထားသောကျောက်တုံး၂တုံးကိုပစ်ချလိုက်ပြီး ဘတ်ဟျွန်းကိုကြည့်လိုက်သည်။ ဒါကတော့..ထူးဆန်းတဲ့အရာဖြစ်သွားပြီ
" ဘာလို့ ငါက မင်းကိုထားခဲ့ရမှာလဲ ။ငါမင်းကို ဘယ်လောက်ချစ်မှန်းမသိလို့ လား ဘတ်ဟျွန်း "
" မဟုတ်ပါဘူး.. မင်းသာ.. မင်းသာ ငါ့အကို မမဂျီရှင်းကို ထားသွားသလို ငါ့ကိုထားသွားရင် ငါသေသွားမှာပဲ "
" ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တဲ့အကြောင်းကြောင့် စိတ်ရှုပ်ခံမနေနဲ့ .. လာ.. ငါ့ရင်ခွင်ထဲ "
ပြုံးပြီးတိုးဝင်လာသော ပုစိလေးကို ရင်ဖွင့်ကြိုဆိုလိုက်သည်.. အမြဲ ဒီလိုပဲအေးချမ်းနေပါရစေ
~~~
" ချန်ယောလ်.. မင်းက ဒီအိမ်ရဲ့ဘာမှမဟုတ်ဘူးဆိုတာမေ့နေပြီလား "
ညီအကို၃ယောက်.. အင်း အဲ့လိုဆိုရမယ့်သူ၃ယောက်ထမင်းစားနေရင်း အဲ့လိုပြောလိုက်တာကြောင့် ဘတ်ဟျွန်းရော ချန်ယောလ် ပါ ကြောင်သွားကြသည်
ဘေးနားမှာလိုတာပြင်ဆင်ပေးနေသောဂျီရှင်းလေးရောပဲ..
" ဘာကို ဘာမှမဟုတ်တာလဲ အကို "
" သူက အဖေခေါ်လာတဲ့ မိဘမဲ့ကလေးသပ်သပ်ပဲ တို့ အိမ်နဲ့ ဘာမှမဆိုင်ဘူး.. အဲ့တော့ ချန်ယောလ် အခုကစပြီး.. အလုပ်သမားတွေနေတဲ့ တန်းလျားမှာပဲနေတော့... အော် ပြီးတော့
ဂျီရှင်း.. မင်းကလည်း အစေခံပဲ.. အဲ့တော့ အိမ်တော်ထဲမှာမနေဘဲ အစေခံတန်းလျားမှာပဲနေပါ.. အိမ်ထဲမှာ ငါရယ်.. မိန်းမရယ်.. ဘတ်ဟျွန်းရယ်ပဲ နေချင်တယ် "
💧ထာဝစဉ်တည်ရှိနေမည်ဖြစ်သော 💧
Start from the beginning
