💧ထာဝစဉ်တည်ရှိနေမည်ဖြစ်သော 💧

Start from the beginning
                                        

ချွဲဟန် ကို သခင်ကြီးက ပညာသင်အဖြစ် အဂ်လန်ကို စေလိုက်တယ် ။
ပြန်တွေ့ ကြမယ့်သူတွေမို့  အားလုံးကရိုးရိုးနှုတ်ဆက်ကြပေမယ့် ဂျီရှင်းကတော့ မျက်ရည်တွေကျနေခဲ့သည်
ဂျီရှင်းရဲ့ မျက်ရည်တွေကို ချွဲဟန် ကြင်နာစွာသုတ်ပေးပြီး ရထားလုံးပေါ်လိုက်ပါသွားခဲ့သည်

သခင်မကြီးလည်း မရှိတော့ဘူး။ မထင်ရင်မထင်သလို ရိုက်နှက်ဗိုလ်ကျတတ်သော ချွဲဟန် မရှိတော့ ချန်ယောလ် တယောက် အလုပ်မလုပ်တော့ဘဲနေတော့မယ်လို့ ထင်နေပေမယ့် သူဟာအဲ့လိုလူမဟုတ်ခဲ့ဘူး
လယ်တောထဲသွားရမယ့်အချိန်သွားပြီး ထင်းခွဲစရာရှိရင်ထင်ခွဲလို့ သူ့ အလုပ်သူ ကျေပွန်အောင်ဆောင်ရွက်တဲ့ကလေးမို့  ချန်ယောလ် ကို ဂျီရှင်း သဘောကျလာခဲ့သည်.. အရင်လို မမုန်းတော့ဘူး

... အချိန်တွေက ရပ်တန့် နေတတ်တယ်လို့ သင်ကြားဖူးသလား ?...

မရပ်တန့် နေပါဘူး.. ပုံမှန်ပဲလည်ပတ်သွားလာနေတယ်.. ဒါကြောင့် အိုစရာရှိတဲ့စရာတွေကလည်း အိုလာပြီ
နာစရာရှိတဲ့ ကိုယ်ကလည်း နာလာပြီ
မမြဲတဲ့တရားကို မလွန်ဆန်နိုင်ဘဲ သခင်ကြီးဆုံးပါးချိန်မှာတော့ ချွဲဟန် ဟာ အိမ်မှာရှိမနေခဲ့ပေဘူး.. နှစ်အတန်ကြာမှသာ ပြန်လာခဲ့သည်

ချွဲဟန် ပြန်လာချိန်တုန်းက ညီအရင်းဖြစ်တဲ့ ဘတ်ဟျွန်းထက် ဂျီရှင်းက ပိုပျော်ရွှင်နေခဲ့တယ်..
ဒါပေမယ့် အဲ့အပျော်ဟာ တာရှည်မခံဘူး
ရထားလုံးတံခါးတဖက်ပွင့်လာပြီး ချွဲဟန် ထွက်လာတဲ့အချိန်သာဖြစ်ပြီး နောက်တံခါးတစ်ဖက်ကနေ အမျိုးသမီးထွက်လာပြီးချိန်မှာတော့...

" အားလုံးပဲ... သူက ငါ့ အမျိုးသမီး.. ပညာအတူတူသင်ရင်း ချစ်ကြလို့ လက်ထပ်လာခဲ့တာ "

အဲ့ဒီအချိန်တုန်းက ဂျီရှင်းတယောက် ရှင်လျက်နဲ့ သေသွားသလိုပါပဲ..
ချွဲဟန် အပေါ်ထားတဲ့ ဂျီရှင်းရဲ့ခံစားချက်ကိုသိနေသော ချန်ယောလ် နဲ့ ဘတ်ဟျွန်းလေးက နှစ်သိမ့်ပေးကြသည်.. ဟုတ်ပါတယ်.. အစေခံနဲ့ သခင်လေးနဲ့  မဟုတ်ဘူး ။သခင်ကြီးမရှိတော့ သူက ဒီဝပ်သရင်းဟိုက်အိမ်ရဲ့သခင်ပဲ.. သခင်နဲ့ အစေခံ ဘယ်လိုမှမဖြစ်နိုင်ကြဘူးလေ...

Chanbaek ~~~Only one collection 💜Where stories live. Discover now