""ပစ္စည်းဥစ္စာတွေ လိုချင်လို့ ပိုင့်ကို တွယ်ကပ်နေတာမဟုတ်ဘူး၊ ပိုင့်ရဲ့မေတ္တာကို လိုချင်တာ၊ ငွေပေးငွေယူထက် နည်းနည်းလေး တို့အပေါ် မေတ္တာတရားထားပေးကြည့်ပါ့လား ... ပိုင်""

Downက ပိုင်စီးအပေါ် သိပ်လိုက်လျောလွန်းပါသည်။ ငွေကြေးတစ်ခုကြောင့် ပိုင်စီးအနားမှာ ရှိနေခြင်း မဟုတ်တာ ပိုင်စီး သိသင့်သလောက် သိလာသည်။

Downက ပေးဆပ်မှု့တွေအလိုက် ပိုင်စီးကို တောင်းဆိုမှု့တွေ ရှိသည်။ ငွေကြေးစည်းစိမ်အခွင့်အာဏာမဟုတ်။

သူနဲ့ ထမင်းအတူစားပေးရန်၊ အပြင်ထွက်လည်ပေးရန်၊ ရုပ်ရှင်အတူကြည့်ပေးရန်၊ အိပ်ရာပေါ်ကလွဲပြီး သူ့ကိုအချိန်ပေးလေ့မရှိတဲ့ ပိုင်စီးကို သူနဲ့အတူရှိပေးဖို့ အချိန်ပေးခိုင်းတာမျိုး ...  စသဖြင့် Downရဲ့တောင်းဆိုမှု့တွေကို ဘာတစ်ခုမှ ပိုင်စီးမလိုက်လျောပေးနိုင်ခဲ့။

ပိုင်စီးက တစ်လနှစ်ခါ ချိန်းဆိုပြီး သီးသန့်တိုက်ခန်းမှာ Downနှင့် တွေ့သည်။ Downဆီက ပိုင်စီး လိုချင်တာရပြီးလျှင် ညအိပ်ဖို့ ဝေးစွ၊ ညစာ ဘယ်တော့မှ အတူမစား။ အိမ်ကို ညခုနှစ်နာရီမတိုင်ခင် ပြန်သည်။

နောက်နေ့မနက်ခင်းမှာ Downရဲ့ Bank account ထဲ ကိန်းဂဏန်းတိုးလာလေ့ရှိတာက ပိုင်စီးရဲ့ တန်ရာတန်ကြေးပေးဆပ်မှု့။

ပိုင်စီး အလိုမရှိသ၍ Downဖက်က တွေ့ခွင့်ရဖို့ အကြိမ်ကြိမ် လျှောက်ထားချက်များသည် ဘယ်တော့မှ ဖြစ်မြောက်လာသည်မရှိ။

ပြောင်းလဲသွားမှာပါ၊ တိုးတက်လာမှာပါ မျှော်လင့်ချက်နဲ့  ဆက်စောင့်ကြည့်သည်။ အချိန်နှစ်လတာကို လွန်ကူးပြီးသည်အထိ ဒီပုံစံအတိုင်းပဲ ပုံသေ ဖြစ်လာသောအခါ Down ပေါက်ကွဲလာပြီ။ ပိုင်စီးထားရာ ကိုယ့်အဆင့်ကိုလည်း Down သိလာပြီ။ 

ခံပြင်းစိတ်နဲ့ ပိုင်စီးကို ကိုင်လှုပ်ချင်လာသည်။

အပျော်မောင်အဖြစ် အသုံးတော်ခံရသော်လည်း Downသည် Promotionဆင်း  ဧည့်သည်ကို ရှာနေရသော ဈေးဗန်းထဲက ရောင်းကုန်မဟုတ်။ Minus Downသည် ရောင်းကုန်တော့ ရောင်းကုန်။ ဈေးဗန်းခင်းရောင်းရသော အညတရ ရောင်းကုန်မဟုတ်။ လိုချင်သူတို့က အမြင့်ဆုံးဈေးကို အပြိုင်အဆိုင် လေလံတင်ရသည့် ဖန်အိမ်ထဲမှာ တည်ခင်းပြသထားသော ရတနာရောင်းကုန်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now