စစ်က အလိုမကျတာကြောင့် ခြေထောက်
တွေပါ ဆန့်ထုတ်ပြီးအချင်းချင်းပွတ်
တိုက်ကာ ငိုတော့သည်.....

"ကလေး....."

ထမင်းစားခန်း အဝမှာ မျက်လုံးပြူးပြီး
သူ့ကိုကြည့်နေတဲ့ ခွန်းသစ်စကို စစ်က
မျက်ရည်တွေနဲ့ မော့ကြည့်လေသည်....

"ဘာလို့လဲ ကလေး...ဘယ်နားခိုက်မိလို့
လဲ...."

ခွန်းသစ်စက စစ် အနားကိုအပြေးလာပြီး
လက်လေးတွေကို ဟိုကြည့်ဒီကြည့်လုပ်
နေသည်....

"ဗိုက်ဆာတယ်....."

မကြားလိုက်တာလား၊နားမလည်တာလား
မသိတဲ့ ခွန်းသစ်စက စစ်ကို ကြောင်တောင်
တောင်နဲ့ မော့ကြည့်လာပြန်တယ်....

"ဗိုက်ဆာတယ်လို့....စစ် ဗိုက်ဆာလို့ပါဆို.."

"ဟမ်...အော်...ဒီမှာ ဒီမှာ...ကိုယ် ကလေး
အတွက် ကြေးအိုးဝယ်လာတယ်......"

ခွန်းသစ်က ချက်ချင်း ထပြီး ကြေးအိုးကို
ပန်းကန်ထဲထည့်ဖို့လုပ်နေတာမို့ ထမင်း
စားပွဲက ခုံမှာ စစ်လည်း အသာထိုင်နေလိုက်သည်...

ခွန်းသစ်စ ချပေးတဲ့ ကြေးအိုးကို အားပါး
တရစားနေတဲ့ စစ် လေးကို ခွန်းသစ်စ ပြုံး
ရင်းထိုင်ကြည့်လို့နေတယ်....

"မစားဘူးလား...ကလေး.."

"အင်း စစ် က ငုံးဥဆို အကာပဲစားတာ"

ငုံးဥအနှစ်ကို တူနဲ့ညှပ်ပြီး ဘေးချဖို့ပြင်နေတဲ့
စစ်ရဲ့ လက်ကလေးကို ခွန်းသစ်စ လှမ်းဆွဲလိုက်သည်.. ...

"ကိုယ့်ကို ကျွေး...ကိုယ်စားမယ်....."

"မရွံ့ဘူးလား...."

မျက်လုံးလေး ပေကလတ်၊ပေကလတ်
လုပ်ကာ မေးနေတဲ့ စစ်ကို ခွန်းသစ်က ခေါင်း
ငြိမ့်ပြလိုက်ပြီး၊ ငုံးဥအနှစ်ညှပ်ထားတဲ့
တူလေးကို ပါးစပ်နားတေ့ပေးလာသည်မို့
ခွန်းသစ်က စားလိုက်သည်.....

"စစ်....ဦးခွန်းကို စိတ်ဆိုးနေတယ်......"

စားပြီးသွားတဲ့ ပန်းကန်လေးကို ဆေးနေတဲ့
ခွန်းသစ်ကို ထမင်းစားခန်းထဲက ထွက်မသွား
ခင် စစ်က ပြောသွားသေးသည်.....

စစ် က အရင်လို ကျွန်တော်လို့ ကိုယ့်ကိုယ်ကို
မသုံးနှုန်းတော့ပဲ စစ် လို့ ပြောနေသည်အား ခွန်း
သစ် သတိထားမိသည်.....

Replace(completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ