"ဘာလဲ??"

မျက်ရည်လေးတွေ ရစ်သီနေသော မျက်ဝန်းတို့ဖြင့် မော့ကြည့်နေသည့် BaekHyun ကို ကြည့်ကာ ChanYeol အသည်းယားလှသဖြင့် အစိမ်းလိုက်ဝါးစားပစ်ချင်နေပြီ။

"ကျွန်တော့်ကို ချစ်လား??"

"ဟင်!"

ဒီမေးခွန်းအတွက် BaekHyun မှာ အဖြေရှိပြီးသားဆိုပေမယ့် ထုတ်ပြောဖို့ကျတော့ ခက်နေ၏။
ChanYeol ကလည်း ဘာကြောင့် ရုတ်တရက် ထိုမေးခွန်းကို မေးလဲမသိ..

ချစ်တယ်ဟူသောစကားကို တစ်ခါသာပြောပြီး နောက်ထပ်ပြောဖို့၊ အဖြေတောင်းဖို့ မေ့နေသူက နှစ်ပတ်လောက် အနားက ထွက်သွားပြီး ပြန်ရောက်လာမှ ထမေးတော့ ချက်ချင်းပြန်မဖြေချင်။

"မင်းကရော ငါ့ကို ချစ်လို့လား!"

"ကျွန်တော် ပြောပြီးပြီပဲ.. လွန်ခဲ့တဲ့ရှစ်နှစ်ကတည်းက ခင်ဗျားကို ချစ်ခဲ့တာပါလို့"

ChanYeol ကတော့ တုံ့ဆိုင်းခြင်းမရှိပဲ BaekHyun ၏ မေးခွန်းကို ဖြေဆိုလာခဲ့သည်။
BaekHyun သူ့မျက်နှာပေါ်က အပြုံးကို မထိန်းချူပ်လိုက်နိုင်...

"မေးတာဖြေဦး.. ကျွန်တော့်ကို ချစ်လား?"

"အဲ့.. အဲ့ဒါက..."

"ဘာတွေ အဲ့လောက် ခက်ခဲနေတာလဲ? ချစ်ရင် ချစ်တယ် မချစ်ရင် မချစ်ဘူးပေါ့.. ရှင်းရှင်းလေးကို"

ChanYeol စိတ်မရှည်ချင်တော့..
တခြားနေရာတွေမှာသာ စိတ်ရှည်ချင်ရှည်မည်၊ သည်နေရာမှတော့ မရှည်နိုင်။

မျက်ခုံးတွေ တွန့်ချိုးထားသော ChanYeol ကို ကြည့်ရင်း BaekHyun နှုတ်ခမ်းလေးတွေ စူထော်လာသည်။

သူ ပြောတာလည်း ဟုတ်တော့ ဟုတ်ပါ၏။
ယောက်ျားလေးပဲ.. ချစ်တယ်ဆို ချစ်တယ်၊ မချစ်ဘူးဆို မချစ်ဘူး ဗွင်းဗွင်းရှင်းရှင်းပေါ့။
ဝေ့လည်ကြောင်ပတ်လုပ်နေရအောင် မိန်းကလေးမှ မဟုတ်တာ။

ဒါပေမယ့်လည်း ဘာလို့မှန်းမသိ..
ဖွင့်ဟပြောရမှာကို BaekHyun ရှက်နေသေးသည်။

"မင်းက ရုတ်တရက်ကြီး မေးတော့.. ငါ ... ငါလည်း"

ChanYeol ဆက်မေးချင်ပါသော်လည်း မိုးရေတွေ စိုရွှဲကာ ကြွက်စုတ်လေးဖြစ်နေပါသော BaekHyun ကို ကြည့်ပြီး ဆက်မမေးနိုင်တော့။
အအေးမိပြီး ဖျားသွားရင် သူပဲ စိတ်ပူရမှာ..

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now