အနမ်းရှိန်ကြောင့် မောဟိုက်နေသော BaekHyun သည် ChanYeol ကို ပြန်ကြည့်နေရင်း သူ့ဆီက စကားတစ်စုံတစ်ရာ ထွက်လာမလားဟု စောင့်နေ၏။

"BaekHyun..."

"hmm!"

"ကျွန်တော် ခင်ဗျားကို လုပ်ချင်တယ်.."

"ဘာ?"

🌟MY SPECIAL MAN🌟

Stay Tuned For Next Chapter ✏

မကြာမီ လာမည်မျှော် 😁

#ChanBaekLove
#EternalChanBaek


Unicode

ရင်ထဲစူးနင့်နေအောင် လွမ်းနေရပါရသော၊ တွေ့ချင်နေရပါသော သူကို မထင်မှတ်ပဲ ဗြုန်းစားကြီး တွေ့လိုက်ရသောအခါ မျက်ရည်တို့က အလိုအလျောက် ကျဆင်းလာသည်။

ရင်ခွင်ထဲ တိုးဝင်ပစ်လိုက်ဖို့ စိတ်ကူးမိသော်ငြား မျက်နှာပေါ်တွင် ဘာအမူအရာမှမရှိပဲ ခပ်တည်တည်မျက်နှာပေးဖြင့် ကြည့်နေသော ChanYeol ကြောင့် BaekHyun စိတ်တိုတိုဖြင့် ခေါင်းကို လက်ဖြင့် လှမ်းရိုက်၏။

"အာ့!"

လူကို တစ်ပတ်ကျော်လောက် အဆက်အသွယ်မလုပ်ပဲ ပစ်ထားပြီး ပြန်တွေ့တော့လည်း နည်းနည်းပါးပါးလေးတောင် ပြုံးမပြပဲ ခပ်တည်တည် လုပ်နေသော ChanYeol ကို BaekHyun တကယ် စိတ်တိုပါသည်။

သို့သော် စိတ်တိုနေသည်ထက် အလွမ်းက ပိုသည်မို့ ရိုက်ပြီးပြီးချင်း ရင်ခွင်ထဲ ဝင်ကာ ဖက်တွယ်ထားမိ၏။

ChanYeol သူ့ရင်ခွင်ထဲတွင် တအိအိနှင့် ငိုနေသော ကောင်လေးအား ပြန်လည်ဖက်တွယ်ရင်း ပြုံးနေသည်။
BaekHyun ကတော့ သူ့အပြုံးတွေကို မြင်နိုင်မည်မဟုတ်...

"ဘာလို့ ငါ့ကို အဆက်အသွယ်မလုပ််တာလဲ?"

တကိုယ်လုံးစိုရွှဲနေသော BaekHyun ၏ အဖက်ခံလိုက်ရခြင်းကြောင့် ChanYeol အကျႋီတွင် အနည်းငယ် စိုစိစိဖြစ်သွားသည်။
ဒါပေမယ့် ဂရုမစိုက်အား...

BaekHyun မျက်နှာကို မော့ယူကာ ပါးပြင်ပေါ်က မျက်ရည်တွေကို လက်မဖြင့် ဖိသုတ်ပေးလိုက်သည်။

"ဘာလို့အဆက်အသွယ်မလုပ်လဲ သိချင်ရင် ကျွန်တော် မေးတာအရင်ဖြေ"

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now