"မင်း သိချင်တာ သိရပြီမလား.. ငါ မေးတာလည်း ဖြေဦး~ ဘာလို့ တစ်ပတ်ကျော်လောက် အဆက်အသွယ်မလုပ်တာလဲ?"

"အဲ့ဒါကို မဖြစ်မနေ သိရမှ ဖြစ်မှာလား.. ခု ကျွန်တော် ခင်ဗျားရှေ့ကို ရောက်နေပြီပဲ"

ဖြေဖို့အရေးကို ညစ်နေပြန်သည်။
ChanYeol ဝေ့လည်ကြောင်ပတ်လုပ်နေတော့ BaekHyun လည်း ပိုသိချင်လာ၏။

"ဘာလဲ! ဖြေရခက်နေတာလား.. လွန်ခဲ့တဲ့ တစ်ပတ်လုံး ကောင်မလေးတစ်ယောက်ယောက်နဲ့ ရှုပ်နေပြီးမှ ဟိုက ပစ်ချသွားလို့ ငါ့ဆီ ပြန်ရောက်လာတာတော့ မဟုတ်ပါဘူးနော်"

BaekHyun ၏ စကားကြောင့် ChanYeol ဟက်ခနဲ ရယ်သည်။
BaekHyun ကတော့ မျက်ခုံးကို တွန့်ချိုးထားလျက် ChanYeol ပြောမည့်စကားကို စောင့်နေ၏။

"ခဏထဦး.."

"???"

ဖြေစရာရှိတာ မဖြေသေးပဲ ပုခုံးကနေ ဆွဲကိုင်ထူမနေတာကြောင့် BaekHyun လည်း ကြောင်တောင်တောင်နှင့် မတ်တပ်ထရပ်လိုက်မိသည်။

ထို့နောက်တွင် ChanYeol သည် သူ၏ လက်မောင်းနှစ်ဖက်ကြား လက်လျိုဝင်၍ အသာချီမလိုက်ပြီး ထမင်းစားပွဲပေါ် ထိုင်စေပြီး ခြေထောက်နှစ်ချောင်းကြားတွင် ဝင်ရပ်လိုက်သည်။

စားပွဲခုံပေါ် တက်ထိုင်ပြီးတာတောင်မှ BaekHyun သည် ChanYeol အရပ်နှင့် တစ်တန်းတည်း မဖြစ်သေး..

"ကျွန်တော် ပြီးခဲ့တဲ့နှစ်ပတ်လုံး ကနေဒါမှာ မရှိဘူး.. ဆိုးလ်မှာပဲ နေ,နေတာ"

"ဟမ်!"

ChanYeol ပြောလိုက်သော စကားနှင့် ပတ်သက်ပြီး BaekHyun ၏ ဦးနှောက်က ချက်ချင်းအလုပ်မလုပ်နိုင်..။

"ကိုယ့်စိတ်ကို သိသွားအောင်လေ.. ကျွန်တော်နဲ့ ဝေးသွားတော့မှ ခင်ဗျား ကျွန်တော့်ကို ဘယ်လောက် ငြိနေမှန်း သိအောင်"

ဒါဆို...

BaekHyun တော်တော် စိတ်တိုသွားသည်။
သူကတော့ လွမ်းလိုက်ရတာ.. စိတ်ပူလိုက်ရတာ။
ခုကျမှ ဒင်းက လေသံအေးအေးနှင့် BaekHyun ကို တမင်စမ်းသပ်တာပါတဲ့လေ။

"မင်း.. မင်းက ငါ့ကို အရူးလုပ်တာပေါ့လေ ~"

BaekHyun ဒေါသထွက်လွန်းလို့ ဒီထက်ပိုပြီး စကားထွက်မလာတော့။

တစ်နေ့တစ်နေ့ ChanYeol online ဖြစ်မည့်အချိန်ကို မျှော်ရတာတွေ..
ပြန်စာမရှိပေမယ့် message တွေ တစ်စောင်ပြီးတစ်စောင် ပို့နေမိတာတွေ...
အဆက်အသွယ်မလုပ်သည့်အတွက် စိုးရိမ်ပူပန်နေရတာတွေ..
နောက်ဆုံး မခံစားနိုင်တော့လို့ တစ်ယောက်တည်း ဆိုဂျူ ထွက်သောက်မိတဲ့အထိ။

"မင်း... ငါ ဘယ်လောက်တောင်........."

BaekHyun ၏ စကားတို့ ဆုံးခန်းတိုင်အောင် ထွက်မလာနိုင်ခဲ့ပါ။
ChanYeol သည် သူ့နှုတ်ခမ်းထူထူတို့ကို BaekHyun ၏နှုတ်ခမ်းနှင့် ထိကပ်ပစ်လိုက်သည်။

နှုတ်ခမ်းချင်း အထိတွင် ဒေါသထွက်နေသည်များလည်း ကြက်ပျောက်ငှက်ပျောက်..
သိပ်ကို နှုတ်ပိတ်တော်သော Park ChanYeol ပါပဲ။

ခုနက BaekHyun ကို ထမင်းစားပွဲပေါ် တင်လိုက်ခြင်းသည် ခုလို BaekHyun ကို သူ နမ်းရသည့်အခါ အံဝင်ခွင်ကျ သက်သောင့်သက်သာဖြစ်အောင် တင်လိုက်ခြင်းဆိုသည်ကို BaekHyun ကတော့ မသိခဲ့။

နှုတ်ခမ်းနှစ်ခုကို ထိကပ်ထားရာက ChanYeol သည် သူ့နှုတ်ခမ်းတို့ကို စလှုပ်ရှားသောအခါ BaekHyun သည်လည်း အလိုက်သင့်လေး တုံ့ပြန်ပေးသည်။

ChanYeol စားပွဲပေါ် လက်ထောက်ထားရာက BaekHyun ၏ ခါးကို ပွေ့ဖက်လိုက်၏။

မခံစားဖူးသော အထိအတွေ့အသစ်တို့ကြောင့် BaekHyun ရော ChanYeol ပါ စိတ်လှုပ်ရှားနေကြပြီး နှလုံးခုန်နှုန်းသည်လည်း အဆမတန်မြန်ဆန်နေသည်။

နှုတ်ခမ်းချင်း ထိကပ်ရုံတော့ ထိကပ်ဖူးပေမယ့် ဒီလိုမျိုး အနမ်းချင်းဖလှယ်သည်အထိ နှစ်ယောက်လုံးမှာ အတွေ့အကြုံမရှိပေ။

ChanYeol သည် သူ၏လျှာကို BaekHyun ၏ အာခံတွင်းထဲ ဝင်ရောက်လိုက်ခြင်းဖြင့် အနမ်း၏ အရှိန်ကို မြှင့်သည်။

နှုတ်ခမ်းသားတို့၏ နူးညံ့သော အထိအတွေ့၊ လျှာဖျားတို့၏ စွတ်စိုသောခံစားမှု၊ ခန္ဓာကိုယ်ချင်း ပူးကပ်ပွေ့ဖက်ထားမှုကြောင့် တရိပ်ရိပ်တက်လာသော ကိုယ်တွင်းအပူရှိန်သည် ဒီ့ထက် တစ်ဆင့်တက်ဖို့ကို လှုံ့ဆော်ပေးနေသလို...

BaekHyun ကို နမ်းရှိုက်နေရာမှ ChanYeol ရပ်တန့်လိုက်ပြီး စူးရှသော အကြည့်တို့ဖြင့် BaekHyun မျက်ဝန်းထဲ စိုက်ကြည့်သည်။

အနမ်းရှိန်ကြောင့် မောဟိုက်နေသော BaekHyun သည် ChanYeol ကို ပြန်ကြည့်နေရင်း သူ့ဆီက စကားတစ်စုံတစ်ရာ ထွက်လာမလားဟု စောင့်နေ၏။

"BaekHyun..."

"hmm!"

"ကျွန်တော် ခင်ဗျားကို လုပ်ချင်တယ်.."

"ဘာ?"

🌟MY SPECIAL MAN🌟

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now