ဒီအတောအတွင်း တစ်ယောက်တည်း ဘယ်လိုစားသောက်နေလဲမသိ..
BaekHyun အား တစ်ယောက်တည်း ထားပစ်ခဲ့မိသည့် သူ့ကိုယ်သူပဲ ChanYeol အပြစ်တင်မိ၏။
မီးဖိုချောင်ထဲ ဟိုဟိုသည်သည် မွှေရှာကြည့်တော့ ကော်ဖီမှုန့်ထုပ်တွေနဲ့အတူ ကံကောင်းထောက်မစွာ တစ်ထုပ်ထဲ ကျန်နေသော လီမွန်တီးထုပ်လေးကို တွေ့လိုက်ရသည်။
လီမွန်တီးဆိုလည်း အဆင်ပြေပါသည်လေ...
"ခေါင်းကို သေချာခြောက်အောင်လည်း သုတ်မလာဘူး.. Byun BaekHyun ခင်ဗျားကလေ တကယ်ပါပဲ"
မီးဖိုခန်းထဲဝင်လာသော BaekHyun ကို မြင်သောအခါ ရေစိုနေသော BaekHyun ၏ ဆံပင်တွေက ChanYeol ကို စိတ်အနှောင့်အယှက်ပေးပြန်ပါသည်။
"ရော့! ဒါလေး သောက်ထားလိုက်ဦး"
ကမ်းပေးလာသော လီမွန်တီးခွက်လေးကို BaekHyun လှမ်းယူပြီး မီးဖိုခန်းထဲမှ ထွက်သွားသော ChanYeol ကို လိုက်ကြည့်နေရင်းက ထမင်းစားပွဲက ခုံတစ်ခုံကို ဆွဲယူကာ ထိုင်၍ လီမွန်တီးတစ်ငုံ သောက်လိုက်၏။
BaekHyun ခေါင်းထဲ ရစ်ထွေထွေဖြစ်နေသည်မှာ အနည်းငယ်သက်သာသွားသလို...
ChanYeol မီးဖိုခန်းထဲ ပြန်ဝင်လာသောအခါ လက်ထဲတွင် တဘတ်တစ်ထည်ကိုင်လာသည်။
BaekHyun ၏ ဆံပင်ရေစိုတွေကို သူကိုယ်တိုင် သုတ်ပေးရန် ဖြစ်၏။
"မြန်မြန်သောက်လေ.. ခုချိန်ထိ တစ်ဝက်မလျော့သေးဘူး"
"ဟာ.. ဖြည်းဖြည်းချင်း ဇိမ်နဲ့ သောက််ချင်တာကို"
BaekHyun သည် အသက်နှစ်ဆယ့်ခုနစ်နှစ်ဖြစ်ပြီး ChanYeol ထက် အသက်ရှစ်နှစ်ကြီးသော်လည်း တကယ်တမ်းကျ ChanYeol ကပင် BaekHyun ထက် အသက်ကြီးသူလို ပြုမူနေသည်။
BaekHyun လည်း ပုံမှန်ဆို ကလေးမဆန်တတ်ပေမယ့် ဂရုတစိုက်ရှိပေးသည့် ChanYeol နှင့်ကျ သူကိုယ်တိုင်ပင် မသိပါပဲနှင့် ကလေးဆန်တတ်၏။
"ဆံပင်တွေ ခြောက်သွားအောင် သုတ်ပေးရဦးမယ်.. အဲ့ဒါ သောက်နေရင် ဘယ်လိုလုပ် သုတ်မှာလဲ?"
"ဆံပင်ရေစိုနဲ့ မိနစ်ပိုင်းလောက် နေရုံလေးကို.. အဲ့လောက်နဲ့ ငါ မဖျားပါဘူးကွာ။ လူကို အထင်သေးလိုက်တာ"
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 13 장✨
Start from the beginning
