"ထားတော့.. အရင်ဆုံး အကျႋီသွားလဲ။ အအေးမိပြီး ဖျားသွားရင် ကျွန်တော်ပဲ အလုပ်ရှုပ်ရမှာ"
ထိုအခါမှ BaekHyun သက်သာရာရသွားဟန်ဖြစ်သွားပြီး သူ့အခန်းဆီ လျှောက်သွားသည်။
ChanYeol ကတော့ BaekHyun သောက်ဖို့အတွက် ပျားရည်နွေးနွေးလေး လုပ်ပေးရန် မီးဖိုခန်းထဲ ဝင်လာခဲ့၏။
အရက်သမားလေးအတွက် အမူးပြေစေဖို့ လုပ်ပေးရဦးမည်လေ။
BaekHyun ရေစိုဝတ်များကို ချွတ်နေရင်း အပြုံးတွေကို ဖျောက်မရ။
မျှော်နေရသူ ဘေးကို ပြန်ရောက်လာတော့ ရင်ထဲဝယ် တအုံ့နွေးနွေး...
ရုတ်တရက် အဖြေတောင်းသော ကိစ္စကို ပြန်တွေးမိတော့ နှလုံးခုန်နှုန်းတို့ မြင့်တက်လာသည်။
အဆက်အသွယ်မလုပ်ပဲ ပစ်ထားတုန်းက ပစ်ထားပြီးမှ ရုတ်တရက် အဖြေလာတောင်းနေသူကြောင့် အခက်တွေ့နေရပြီ။
ထပ်မေးလာရင် ချက်ချင်းပဲ အဖြေပေးလိုက်ရမလား??
ဝေ့လည်ကြောင်ပတ်လည်း လုပ်မနေချင်တော့..
BaekHyun ခေါင်းထဲ အတွေးများဖြင့် ချာချာလည်နေပေမယ့် သူ၏ပါပီလေး MongRyeong ကတော့ အိပ်ရာပေါ်တွင် အေးအေးချမ်းချမ်း အိပ်ပျော်လျက်။
အဝတ်အစားလဲခြင်းအမှု ပြီးဆုံးသွားသောအခါ ချစ်စရာခွေးပုလေးကို ပွတ်သပ်ပေးလိုက်ပြီး တဘတ်ဖြင့် ခေါင်းကို ခဏမျှ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်ကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
ChanYeol လိုချင်သည့် အဖြေကို ပေးပြီး BaekHyun မေးချင်သည့်မေးခွန်းများကိုလည်း မေးရမည်။
မီးဖိုခန်းထဲ ရှိနေသော ChanYeol သည် အရက်မူးပြီး မိုးရေတွေ စိုရွှဲကာ ပြန်လာသူအတွက် နွေးနွေးထွေးထွေးဖြစ်ပြီး အမူးပြေသွားရန် ပျားရည်နွေးနွေးလေး ဖျော်ပေးဖို့ စဉ်းစားထားပါသော်လည်း အခက်တွေ့နေ၏။
ပျားရည်နွေးနွေးလေးဖျော်ဖို့ပါဆို ပျားရည်ကမရှိ။ ပျားရည်မရှိလို့ သံပုရာရည်ဖျော်တိုက်ဖို့ကျပြန်တော့လည်း သံပုရာသီးမရှိ..
ရေခဲသေတ္တာထဲတွင် ပြောင်သလင်းခါနေသည်ကို တွေ့ရသောအခါ ChanYeol စိုးရိမ်လာရကာ စိတ်လည်း တိုသွားသည်။
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 13 장✨
Start from the beginning
