20(Final)

3.3K 301 15
                                    

"Hyungပုတု အဲ့လိုကြီးစကားမပြောဘဲ
နေနေတော့မှာလား ဟင် "

"ဟာ kim jong in ဘာဝင်လုပ်တာလဲ
ထွက်သွား!!! "

ရေချိုးခန်းထဲလိုက်ဝင်လာပြီး မျက်နှာငယ်လေးနဲ့
ဘေးနားတအီအီလုပ်နေတဲ့jong inကြောင့်
Shirtlessနဲ့kyung sooခမျာ တစ်ကိုယ်လုံး
ပူထူလာရသည်။

အတူနေကြတဲ့သူတွေဆိုပေမဲ့ အခုထိ
Jong inရှေ့အဝတ်လဲရမှာကိုတောင်
ရှက်သည့်kyung sooအဖို့ အပေါ်ပိုင်းဗလာနဲ့
အောက်ပိုင်းကပေါင်လယ်သာသာ
သဘက်ပိုင်းကအရှက်သည်းမှုကို
ဖြစ်စေပါ၏။

" သားကိုတကယ်ဘဲ စကားမပြောဘူးလားလို့ "

ခပ်ထူထူနှုတ်ခမ်းသားကိုဆူပွလို့
ချွဲပြနေပါတဲ့အဲ့အကောင်ငယ်ဟာ
သူ၏သည်းခံနိုင်စိတ်အား အဘယ်အတိုင်းအတာထိစမ်းသပ်နေပါသလဲ??

" kyung koko "

"........"

" kyung koko သားခေါ်နေတယ်လေဗျာ "

" ငါ kim jong inနဲ့မခေါ်ထားဘူး
အပြင်ထွက်တော့ဟေ့ကောင်
ရေချိုးရအုံးမယ် "

မချွဲစဖူးချွဲလို့ ချော့နေသည်လား
မြူဆွယ်နေသည်လားမသဲကွဲသော
Kim jong in၏ချစ်စရာကောင်းပုံအောက်
ကျရှုံးချင်လာသော ကိုယ့်စိတ်ကိုယ်
မနည်းပြန်ထိန်းရင်း ထိုကောင်လေးအား
ရေချိုးခန်းအပြင်ဘက်သို့ တွန်းထုတ်ကာ
တံခါးကိုဂျိမ်းခနဲမြည်အောင် ပိတ်ချလိုက်ပါ၏။

အခုမှလာချွဲမနေနဲ့kim jong in><
စိတ်ကောက်ပြေဖို့ လိုသေးတယ်~~~

Kyung sooရေမိုးချိုးပြီးအပြင်ထွက်ခဲ့တော့
Kim jong inကမရှိတော့><

ဘာလဲ ဆက်မချော့ဘဲပစ်သွားတာလား??

" hyungပုတု "

" omma ya "

ခါးသိမ်သိမ်လေးကိုဆွေ့ခနဲဆွဲဖက်ရင်း
ရင်ခွင်ကျယ်ကြီးထဲ မတရားတွေ
ပစ်ထည့်ခံလိုက်ရသည့်နောက် အလန့်တကြား
ယောင်သံအဆုံး kim jong inက
သဘောကျစွာ ခပ်ဟဟရယ်ရှာသည်။

Kyung sooကိုလန့်အောင်စလိုက်ရလို့
အတော်အူမြူးနေဟန်~~

" လွှတ်ကွာ "

" ခနလေး ဒီတိုင်းနေရအောင် "

Kyung sooအပြောကို သိပ်အာရုံရပုံမပေါ်တဲ့
Jong inက သူလုပ်လိုက်လို့ပြေလျှောသွားတဲ့
Kyung sooပုခုံးပေါ်ကသဘတ်ကို
အသာပြန်ဆွဲရင်း ခြုံ၍ပေး၏။
ထို့နောက် တစ်စွန်းတစ်စသာမြင်ရတော့သည့်
ပုခုံးသားအား နှုတ်ခမ်းဖျားဖြင့်ခပ်ကြာကြာ
ထိတွေ့လို့ထားလေသည်။

Jong baby&kyung kokoWhere stories live. Discover now