💛 16 💛

3.7K 323 36
                                    

ဟန်းနီးမွန်းကပြန်လာပြီးထဲက
Hyungပုတုဟာ jong inကို အရမ်းကပ်သည်။
ကလေးလေးလို ချွဲနွဲ့ရင်းလဲ ဂျီကျတတ်သေး၏။

ဘယ်အရာတွေကများ ထိုသို့ပြောင်းလဲစေသလဲ
မသိပေမဲ့ ဒီပြောင်းလဲမှုကိုတော့ jong in
သဘောကျသည်။

Hyunပုတုက ဤသို့ကလေးဆန်ဆန်
ချွဲနွဲ့ပြရင် လွန်စွာမှအူယားရသည်ပင်။
အချစ်တွေပိုပိုတိုးရင်း အဲ့ဒီ့hyungပိစိကို
အကောင်လိုက်မြိုချထားချင်မိတဲ့ထိ
မြတ်နိုးရပါ၏။

" hyungပုတု ဘာတွေချက်နေလဲ "

Apronအပြာရောင်နဲ့ jong inရဲ့
စားဖိုးမှူးလေးက မနက်ထဲက မီးဖိုချောင်ထဲ
တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေသည်ကြောင့်..

အိမ်ရှေ့မှာဘဲTVထိုင်ကြည့်ရင်းမနေနိုင်၍
Hyungပိစိဆီလာခြင်း...

နောက်ပါးဆီမှ တိုးဝင်ဖက်ကာ ခါးသေးသေးကို
ကျစ်ကျစ်ပါအောင်ဖက်တွယ်ထားမိပြီး
နားသယ်စပ်ကို ဖွဖွနမ်းဖြစ်လိုက်သည်။

" ငြိမ်ငြိမ်နေbaby ဒီမှာ ငါ မအားဘူး "

တရှုံ့ရှုံ့နဲ့လိုက်နမ်းနေ၍ လည်ပြန်
လှမ်းဟန့်လေတဲ့hyungပုတုရဲ့
နှုတ်ခမ်းလေးဟာ ဆူထော်နေလေရဲ့...

မျက်ခုံးတို့ကိုတွန့်ကွေး၍ ချက်လက်စ၌
အာရုံပြန်စိုက်နေပုံကို ဘေးတိုက်
မြင်နေရခြင်းက အသည်းယားစရာ။
မေမေတို့သဲသဲလှုပ်တာလဲမပြောနဲ့
Jong inကိုယ်တိုင်တောင် အကဲပိုရသည်ပင်။

" ဘာလဲ ကင်မ်ချီကြော်နေတာလား "

" အင်း ငါကလေ မေမေစားချင်တယ်ဆိုလို့
လုပ်ပေးနေတာ အာ့ကြောင့် ငြိမ်ငြိမ်နေ "

ခါးပေါ်မှ jong inလက်တို့ကို တွန်းဖယ်ရင်း
အသိပေးသလိုပြောလေ၏။

" အင်း နေမယ်လေ ဒီတိုင်းဘဲဖက်ထားရင်း "

ပြောလဲပြော တစ်ဖန်ပြန်ဆွဲဖက်လိုက်မိ၍
ရင်ခွင်ထဲဝင်လာသည်မှာ ဆွေ့ခနဲ~~
လုံးတစ်တစ်အသားစိုင်တို့ကို ခပ်နောက်နောက်
ဖိညစ်ရင်း ရန်စလေတော့ ဟင်းမွှေတဲ့
ဇွန်းနဲ့ခေါက်ထည့်သည်မှာ ခွပ်ခနဲ~~~

အားလားလား နာလိုက်တာမှ ပူထူသွားတဲ့ထိ။
ကြယ်တွေလတွေမြင်တယ်ဆိုတာထားအုံး
လောလောဆယ်မျက်စိထဲ ပြာဝေပြီး
အစက်အပြောက်တွေပေါ်လာတာမျိုး။
ခေါင်းမကွဲတာကံကောင်းလို့ ဆိုရမည့်ပုံပင်။

Jong baby&kyung kokoWhere stories live. Discover now