1

6K 478 29
                                    

" papaရေ babyဆီသွားမယ်လေ
သားကိုလိုက်ပို့ပေး "

" အင်း ခနလေးသားငယ်
Paအလုပ်တွေလက်စသတ်ရအုံးမယ် "

ဖြူ တုတ်တုတ် ခန္ဓာကိုယ်သေးလေးဟာ
Sofaခုံပေါ် အင့်ခနဲပစ်ထိုင်ချရင်း
Gameဆော့ကာ စောင့်နေလေတယ်။

အလုပ်မပြတ်သေးသည့် လူကြီးကတော့
ကွန်ပြူ တာကို တချောက်ချောက်အနှိပ်မပျက်..

တော်တော်ကြာသည်ထိ ဘာလှုပ်ရှားမှုမှ
မရှိတဲ့အခန်းထဲ ထိုလူကြီး၏ ကွန်ပြူ တာ
စာရိုက်သံနဲ့ကလေးငယ်၏ gameသံကသာ
အခန်းထဲနေရာယူထားလေ၏။

ထို့နောက်တော့ လွန်စွာပျင်းရိသွားသည့်နှယ်
ကောင်သေးလေးမှာ ပျင်းကြောဆန့်ရင်း
သူ့အဖေရှိရာပြေးကပ်သွားပြန်၏။

" papaရေ ထတော့ဗျာ
Babyဆီသွားဖို့နောက်ကျနေပြီ
Babyတော့ သားကို
စိတ်ကောက်နေတော့မှာဘဲ "

" Paရေ ထတော့ ထတော့လို့ ပြန်လာမှလုပ် "

ပြောလဲပြော အဖေဖြစ်သူကိုအတင်းဆွဲထူ
နေသည်ကြောင့် ဖခင်မှာခေါင်းတခါခါဖြင့်
ရယ်လျက်မှ ထပေးလိုက်ရသည်။

" တကယ်မလွယ်တဲ့ကောင်စုတ်လေး
သူ့babyကောက်မှာကျ သိပ်ကြောက်နေ
ကိုယ့်papaအလုပ်မပြီးသေးပါဘူးဆိုတောင်
မရဘူး "

ပြောရင်းမှ အသဲယားသလို သားဖြစ်သူ၏
ဆံပင်ပျော့ပျော့လေးတွေကို ဆွဲဖွလိုက်တော့..

စိတ်ရှုပ်သလို လက်ကိုဆွဲဖယ်ရင်း
ဆံပင်တွေကို အသာပြန်သပ်တင်သည်။

ဒါ့ထက်ဘာတဲ့...

" babyဘဲကိုင်ခွင့်ရှိတာမို့ မထိနဲ့.." ဆိုလား..

တယ် ဒီကလေးနှယ် ဒီbabyဘဲ
ဦးစားပေးနေ စိတ်မရှည်ရင်
အဲ့ဒီbabyနဲ့ဘဲ ပေးစားထည့်လိုက်ရ...

ကိုယ့်သားဟာယောကျာင်္းဖြစ်နေလို့...
Babyဆိုတာကလဲ ယောကျာင်္းလေးဘဲမို့်..
အင်း စိတ်ကိုလျှော့ရတယ်။

" paရာ သွားပါ့မယ်ဆို
ဘာတွေးနေပြန်တာတုန်း
အင်းနော် babyစိတ်ကောက်ရင်
Paကို မခေါ်တော့ဘဲနေမှာ "

" အေးပါကွာ အေးပါ ခုသွားမယ် ဟုတ်ပြီလား
တကယ်ပါဘဲ လူကဖြင့် လက်တောက်လောက်
ရှိသေးတယ် အဖေကို ခြိမ်းလားခြောက်လားနဲ့ "

Jong baby&kyung kokoWhere stories live. Discover now