သို့သော်လည်း newfeed ကို ဆက်တိုက် အောက်ဆွဲချနေရာမှ post တစ်ခုကို မြင်သောအခါ ရပ်လိုက်မိသည်။

online pet shop မှ တင်ထားသည်မှာ welsh corgi အမျိုးအစား ခွေးပေါက်လေးများ၏ ဓာတ်ပုံ...

ယခင်က BaekHyun ၏ timeline ထဲ ဝင်မွှေကြည့်ရင်း ထို corgi အမျိုးအစားခွေးကလေးများ၏ ဓာတ်ပုံများ၊ ဗီဒီယိုများကို BaekHyun share ထားခဲ့ဖူးခြင်းကို သတိရသွားသည်။

ခြေတံပုတိုတိုလေးများနှင့် ထိုပါပီလေးများကို ကြည့်တိုင်း BaekHyun ကို မြင်ယောင်မိတာ ဘာလို့ရယ်မသိ။

search box တွင် Corgi ဟု ရိုက်ထည့်ကာ ရှာလိုက်ပြီး ကျလာသော ဗီဒီယိုများကို ဝင်ကြည့်လိုက်သည်။
ပုပုလုံးလုံးနှင့် ထိုပါပီလေးများဟာ BaekHyun လိုပဲ တကယ်ကို အသည်းယားဖို့ ကောင်း၏။

ထိုပါပီလေးများသည် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကြောင့် နာမည်ကြီးသေးသည်။
သူတို့၏ လုံးဝန်းကာ အမွှေးထူထူ ဖင်လုံးလုံးလေးတွေပင်။

Peach butt ဟု ခေါ်ကြသော Corgi လေးများ၏ ဖင်လုံးလုံးလေးများမှာ တကယ့်ကို ချစ်စယာ.. အသည်းယားစရာ။

Byun BaekHyun မှာလည်း အဲ့ပါပီတွေလို ဖင်လုံးလုံးလေးတွေ ရှိတယ်မဟုတ်လား...
ဒီအကြောင်းပြောလို့ သူ့ဖင်ကို လိုက်ကြည့်ထားတယ်ဆိုပြီး နှာဗူးလို့တော့ မတွေးစေချင်။
image ကိုတော့ အထိအခိုက်မခံနိုင်..

corgi လေးများ၏ ဓာတ်ပုံများကို လိုက်ကြည့်နေရင်း တစ်ခု စဉ်းစားမိသည်က...

တစ်ပတ်ကျော်အောင် တစ်ယောက်တည်း ပစ်ထားမိသည့် ကောင်လေးအား သိပ်အထီးမကျန်အောင် သူ သဘောကျသည့် ပါပီလေး ဝယ်ပေးရမည်။

💫💫💫

ဒီနေ့ဆိုလျှင် BaekHyun ၏ အိမ်ကနေ ထွက်လာခဲ့သည်မှာ နှစ်ပတ်ပြည့်ပြီ။
မနက်ဖြန်ပဲ သူ့ဆီသို့ ပြန်သွားလိုက်တော့မည်ဟု စိတ်ကူး၏။

နှစ်ပတ်ဟူသည့် အချိန်သည် နည်းများ နည်းနေမလား စိုးရိမ်မိသော်လည်း...
သူ ကျွန်တော့်ကို ငြိနေပြီပဲလေ။
နှစ်ပတ်လောက်ဆို လုံလောက်ပြီမလား?

မနက်ဖြန် သူ့အိမ်သို့ ပြန်သွားမည်ဆိုပေမယ့် ဒီနေ့ ဘာလို့ရယ်မသိ.. BaekHyun ရှိနေသည့် တိုက်ခန်းရှေ့ကို သွားမိသည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now