ကျောဘက်က နာကျင်မှု အတော်လေး ပြင်းထန်နေသည်ကိုတောင် မမှုတော့သည်ထိ ကျွန်တော် ကျေနပ်ကာ ပျော်နေခဲ့သည်။

လိုချင်သော Byun BaekHyun ၏ အချစ်ကို ရှစ်နှစ်ကျော်မျှကြာအောင် စောင့်ဆိုင်းပြီးသည့်နောက်တွင် ပိုင်ဆိုင်နိုင်တော့မည်။

အချို့သူများကဲ့သို့ လိုချင်သည့်အချစ်ရဖို့ရန်အတွက် နည်းဗျူ ဟာများ ချသည်အထိ မလုပ်ဖြစ်သော်လည်း ကိုယ့်နှင့်ကိုယ်ဟန်ဖြင့်တော့ တတ်နိုင်သလောက် ကြိုးစားခဲ့သည်။

ခု BaekHyun သည် ကျွန်တော့်ကို ငြိတွယ်နေသည်မှာ သေချာနေပြီ။
သူ့အနားမှာ ကျွန်တော်ရှိမနေလျှင် ဘယ်လိုဖြစ်မလဲ သိချင်တာကြောင့်ရော၊ သည်လိုအခြေအနေတွင် ခဏခွာနေလျှင် သင့်တော်မည်ဟု တွေးမိတာကြောင့်ပါ ကနေဒါသွားမည်ဟု ပြောခဲ့ခြင်းပင်။
လေယာဉ်လက်မှတ်တစ်စောင်ဝယ်ရပြီး show ပြရတာ အလုပ်နည်းနည်းရှုပ်ပေမယ့်...

စစချင်း ထင်ထားသလို ဖြစ်လာပါ့မလားဟု တွေးကာ စိုးရိမ်ခဲ့သော်လည်း တစ်နေ့တစ်နေ့ ဝင်လာသော သူ့ message များကြောင့် မစိုးရိမ်တော့။

အဆက်အသွယ် မလုပ်တော့သဖြင့် သူ ကျွန်တော့်အတွက် စိုးရိမ်နေလောက်သည်။
ဘာလို့အဆက်အသွယ်မလုပ်သလဲဆိုတာလည်း သိချင်နေလောက်သည်။
နောက်ပြီး.. သူ ကျွန်တော့်ကို လွမ်းနေလောက်ပြီ ထင်သည်။

ဖုန်း screen ပေါ်က နှုတ်ခမ်းကို လေးထောင့်ပုံစုံဖြစ်သည်အထိ အားပါးတရ ပြုံးရယ်နေသော သူ့ပုံကို ကြည့်ပြီး ပြုံးမိပါ၏။

ကျွန်တော်ရော.. မလွမ်းဘူးဆို လိမ်ရာကျမှာပေါ့။
သို့ပေမယ့် ရှစ်နှစ်လောက် သူ့ဓာတ်ပုံလေးကြည့်ပြီး အလွမ်းဖြေရတဲ့ အခြေအနေမှာ နေသားကျနေတော့လည်း....

💫💫💫

အိမ်ဧည့်ခန်းက ဆိုဖာပေါ် ထိုင်ကာ ခပ်ပျင်းပျင်းနှင့် facebook newfeed ကို အောက်သို့ ဆက်တိုက် ပွတ်ဆွဲချနေလိုက်သည်။

ယောက်ျားလေး၊ မိန်းကလေးများ၏ အထာကျကျ ရိုက်ထားသည့် ဓာတ်ပုံများက စိတ်ဝင်စားစရာ တစ်စက်မှလည်းမရှိ။
တချို့လူများ share ထားကြသော နိုင်ငံပေါင်းစုံက celebrity များ၏ ဓာတ်ပုံများသည်လည်း အာရုံကို မဖမ်းစားနိုင်..

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now