"နားညည်းရင် အိမ်ပြန်ကွာ.. မင်းမျက်နှာကြီးကို မမြင်ချင်ဘူး.. ဖီးငုပ်တယ်"

"အောင်မာ.. သူတောင်းစားလေး! မင်း ခု နေနေတဲ့ တိုက်ခန်းက ဘယ်သူ့တိုက်ခန်းလို့ ထင်နေလဲ?"

သူ ပြောနေသည်ကို အဖက်မလုပ်ပဲ တစ်ဖက်ပြန်လှည့်သောအခါ 'ဒင်းလိုကောင်မျိုးကို ပေါင်းနေတဲ့ ငါကိုက ရူးနေတာ' ဟူသော ညည်းသံတစ်ခုကို ကြားလိုက်သည်။

ဂစ်တာကြိုးများပေါ် လက်ချောင်းတို့ကို ပြေးလွှားနေမိသော်လည်း အာရုံတွင် အဆက်မပြတ် ပေါ်လာနေသည်က BaekHyun...

သူ အခု ဘယ်လိုများ ရှိနေသလဲမသိ ~

မတွေ့ရတာ တစ်ပတ်ကျော်ရှိသွားပြီ။
စားပွဲပေါ်တင်ထားသည့် လက်ကိုင်ဖုန်းကို တစ်ချက်ကြည့်ပြီး အကြည့်ပြန်လွှဲပစ်ရသည်။

တကယ်လို့ ဖုန်းကို ဖွင့်မိလျှင် messenger ကို ဝင်မိမည်မှာမလွဲ..
messenger ကို ဝင်မိလျှင် သူ ပို့ထားသော message များကို ဖတ်ကြည့်မိလိမ့်မည်။
ဒါတော့ မဖြစ်!

"ဟင်း.. Park ChanYeol တို့လည်း မျိုးတူချင်းကြိုက်ပြီး ဒုက္ခကို ရောက်နေတော့တာပဲ"

JiHo ပြောသည်ကို ကြားတော့ ဘာရယ်မဟုတ် သက်ပြင်းချလိုက်မိသည်။
ဟုတ်နေတာပဲ..
လိင်ကလည်းတူ၊ straight ကလည်းဖြစ်၊ ကိုယ့်ကို ညီလေးတစ်ယောက်လိုပဲ သဘောထားပြီး ခင်နေတဲ့လူကို ကြိုက်မိမှတော့ ဒီလောက်က ခံရမှာပဲ ~

ပြင်းပြင်းထန်ထန် လိုချင်သော အရာကို ရနိုင်ဖို့အတွက် ဘာမဆိုလုပ်နိုင်၏။

သူက ကျွန်တော် အခု ကနေဒါမှာ ရှိနေသည်ဟုပဲ ထင်ထားတာ..
အမှန်မှာ ခု ကျွန်တော် ရှိနေသည့် နေရာက သူ ရှိနေသော ဆိုးလ်မြို့ပါပဲ။
ကိုရီးယားနိုင်ငံက ရှားရှားပါးပါး သူငယ်ချင်းလေး JiHo ကို အနိုင်ကျင့်ကာ သူ့တိုက်ခန်းကို အပိုင်စီးထားခြင်း ဖြစ်သည်။

ခဏလောက်..
ခဏလောက်တော့ ကျွန်တော် သူနှင့် ဝေးဝေးနေမှဖြစ်မည်။
ယခုအချိန် ယခုအခြေအနေမှာ ကျွန်တော် သူ့အနားက ခဏလောက်ဖြစ်ဖြစ် ထွက်လာတာ အကောင်းဆုံးဟု ယူဆမိသောကြောင့်...

ကျောပေါ် သံလှေကားကြီး ပိခဲ့တုန်းက ကျွန်တော့်အတွက် သူ့စိုးရိမ်မှုများ၊
ကျွန်တော့်ကို စိတ်ပူပြီး ကျခဲ့သည့် သူ့မျက်ရည်များ၊
ဆေးရုံတက်နေစဉ်အတွင်း သူ့ဂရုစိုက်မှုများ..

🌟MY SPECIAL MAN{나의 특별한 남자}🌟 Donde viven las historias. Descúbrelo ahora