အိမ်ထဲသို့ ဝင်ပြီး ထိုင်ပင် မထိုင်နိုင်..
အခန်းပေါက်ဝမှာတင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် BaekHyun အလာကို စောင့်နေရသည်။

ငမူးလေးကတော့ ခုထိကို ရောက်မလာသေး...

သိပ်မကြာလိုက်..
password နှိပ်သံ တတီတီကို ကြားရ၏။
ငမူးကောင်လေးက password ကို မှားနှိပ်သဖြင့် တံခါးပွင့်မလာတော့ ဟက်ခနဲ ရယ်လိုက်မိသေးသည်။

နောက်တစ်ခါ ထပ်နှိပ်နေသည်ကို စောင့်မနေတော့ပဲ တံခါးကို ဖွင့်ချလိုက်သည်။
BaekHyun က ချက်ချင်းခေါင်းမော့မလာပေ..

ရင်ဘတ်ကို အတန်ကြာ ခပ်ထွေထွေ စိုက်ကြည့်နေပြီးတော့မှ တဖြည်းဖြည်းချင်း ခေါင်းမော့လာ၏။

ကျွန်တော့်မျက်နှာကို မြင်ရသောအခါ သူ့မျက်လုံးအစုံက ပြူးကျယ်ဝိုင်းစက်သွားပြီးနောက်..

🌟MY SPECIAL MAN🌟

To Be Continued ✏

အရေးအသားက ကြာလေစုတ်လေ 😔

Park Chan နဲ့ Byun Baek တို့ တွေ့ပြီး ဘာဖြစ်မလဲဆိုတာ သိချင်နေကြလောက်မယ် ဆိုပေမယ့်လည်း ဒီအပိုင်းလေးကတော့ မတင်မဖြစ်မို့ပါ။
မြန်မြန်ရေးတင်ပေးချင်ပေမယ့် ထုံးစံအတိုင်း ကြာသွားတယ်ရယ် 😥
တောင်းပန်ပါတယ်နော် 🙏

ဒီရက်ပိုင်း ကျောင်းက project တွေ presentation တွေ စုပုံနေလို့ update မြန်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ 😞
တတ်နိုင်သလောက်တော့ ကြိုးစားပြီး ရေးပေးပါ့မယ် 😁

ကျေးဇူးတင်ပါတယ် 😍😘

#ChanBaekLove
#EternalChanBaek

Unicode

Park ChanYeol's pov :

"ဟျောင့်! နားညည်းတယ်ကွာ.. စိတ်မပါရင်လည်း ဆက်တီးမနေနဲ့"

သီချင်းတစ်ပုဒ်ကို စတင်မွေးဖွားရန်အတွက် note စာအုပ်လေးရှေ့ချ၍ ဂစ်တာကို ရင်ဝယ်ပိုက်ကာ သံစဉ်ကောင်းကောင်းတစ်ခု ဖန်တီးဖို့ ကြိုးစားပါသော်လည်း အပြည့်အဝအာရုံစိုက်မရဖြစ်နေသည်။

နောက်ဆုံး ဘာသံစဉ်မှ ထွက်မလာသည်မို့ စိတ်ပေါက်ပေါက်နှင့် တဒေါင်ဒေါင် တဒင်ဒင် တီးခတ်နေသောအခါ ခပ်လှမ်းလှမ်းက ဆိုဖာတွင် ထိုင်ပြီး တီဗွီကြည့်နေသည့် Woo JiHo က လှမ်းအော်၏။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now