တစ်ယောက်တည်း ထွက်လာပြီး အမူးသောက်ဖို့ ပြင်နေသော BaekHyun ကို ကြည့်ပြီး စိတ်ပူရုံမက စိတ်ပါတိုရသည်။

အကယ်၍ ကျွန်တော် နောက်က လိုက်မလာဖြစ်ဘူးပဲ ထားပါတော့!
မူးရူးပြီး တစ်ယောက်တည်း အိမ်ပြန်ရာက လမ်းမှာ အန္တရာယ်တစ်ခုခုနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ?
လိုက်စောင့်ရှောက်ပေးတဲ့လူက ခဏလေး ထွက်သွားတာကို လုပ်ချင်တာတွေ လျှောက်လုပ်နေတာ...

သို့ပေမယ့် သူ့သူငယ်ချင်းနှစ်ယောက် ရောက်လာလို့လားတော့မသိ။
အမူးမသောက်ပဲ ထပြန်သွားသဖြင့် အနောက်က လိုက်ရသည်။

မူးတော့ မူးမနေပေမယ့် နည်းနည်းတော့ ခပ်ထွေထွေလေးဖြစ်နေမည်မှာ သေချာ၏။
စိတ်မပါလက်မပါပုံစံမျိုးဖြင့် ခြေထောက်ကို တစ်ရွတ်ဆွဲသွားနေသော သူ့ကို ကြည့်ပြီး သက်ပြင်းချမိသည်။

သူ ပုလင်းထောင်ရသည့် အကြောင်းအရင်းမှာ ကျွန်တော်ဖြစ်သည်ကို မပြောလည်း သိနေတော့ စိတ်ထဲ မကောင်းပေမယ့် နည်းနည်းတော့ ဝမ်းသာ၏.. သူ့ရင်ထဲ ကျွန်တော့်နေရာက ထင်ထားတာထက် ကျယ်ဝန်းနေပြီ။

မနက်ဖြန်ထိ မစောင့်ချင်တော့ပါ..
ဒီနေ့ပဲ သူ့အနားသို့ ပြန်သွားတော့မည်။
အခြေအနေကောင်းရင် သူ့ကို အရယူမည်..

သူ့ဘေးကနေ ခပ်သွက်သွက် ဖြတ်ပြီး ရှေ့ကို ကျော်တက်သွားတာတောင် ငမူးလေးက ကျွန်တော်မှန်း မသိ..
ဒါလည်း ကောင်းတာတော့ ကောင်းပါသည်။

စိတ်ချရသော နေရာလောက်ရောက်ပြီမို့ သူ့ထက် တိုက်ခန်းသို့ ဦးအောင် သွားပြီး သူ ရောက်လာသည်ကို စောင့်မည်။
သူ ကျွန်တော့်ကို တွေ့ရသည့်အခါ သူ့မျက်နှာအမူအရာ ဘယ်လိုမျိုး ဖြစ်သွားမလဲဆိုတာကို သိချင်နေပြီ။

တိုက်ခန်းအောက်ရောက်သောအခါ မိုးရွာချလာသည်မို့ ထီးမပါဘာမပါနှင့် လမ်းလျှောက်လာနေသူအား စိုးရိမ်ရပြန်သည်။

သို့သော် ကိုယ်လည်း ဘာမှလုပ်ပေးနိုင်တာ မဟုတ်ပြန်။
အဲ့တော့ အိမ်က စောင့်နေဖို့သာ တတ်နိုင်သည်။

တိုက်ခန်း၏ လျှို့ဝှက်နံပါတ်သည် ထင်သည့်အတိုင်း မပြောင်းလဲ..
အင်းလေ.. နှစ်ပတ်လောက်ပဲ အိမ်က ထွက်သွားတာ ပြောင်းစရာအကြောင်းတော့မရှိ။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now