corgi လေးများ၏ ဓာတ်ပုံများကို လိုက်ကြည့်နေရင်း တစ်ခု စဉ်းစားမိသည်က...

တစ်ပတ်ကျော်အောင် တစ်ယောက်တည်း ပစ်ထားမိသည့် ကောင်လေးအား သိပ်အထီးမကျန်အောင် သူ သဘောကျသည့် ပါပီလေး ဝယ်ပေးရမည်။

💫💫💫

ဒီနေ့ဆိုလျှင် BaekHyun ၏ အိမ်ကနေ ထွက်လာခဲ့သည်မှာ နှစ်ပတ်ပြည့်ပြီ။
မနက်ဖြန်ပဲ သူ့ဆီသို့ ပြန်သွားလိုက်တော့မည်ဟု စိတ်ကူး၏။

နှစ်ပတ်ဟူသည့် အချိန်သည် နည်းများ နည်းနေမလား စိုးရိမ်မိသော်လည်း...
သူ ကျွန်တော့်ကို ငြိနေပြီပဲလေ။
နှစ်ပတ်လောက်ဆို လုံလောက်ပြီမလား?

မနက်ဖြန် သူ့အိမ်သို့ ပြန်သွားမည်ဆိုပေမယ့် ဒီနေ့ ဘာလို့ရယ်မသိ.. BaekHyun ရှိနေသည့် တိုက်ခန်းရှေ့ကို သွားမိသည်။

လမ်းတစ်ဖက်ကနေ သူ့တိုက်ခန်းရှိရာသို့ မော့ကြည့်နေမိသည်မှာ အချိန်ဘယ်လောက်ကြာသွားလဲမသိ..

အရင်ရက်တွေက လွမ်းတော့လွမ်းနေပေမယ့် ထိုအလွမ်းတွေနှင့်ပင် နေသားကျကာ အေးအေးဆေးဆေးရှိသော်လည်း တိုက်ရှေ့သို့ ရောက်လာသောအခါကျ နင့်နင့်သည်းသည်း လွမ်းလာသည်.. တွေ့ချင်လာသည်။

မျက်လုံးစုံမှိတ်ကာ စိတ်ပျက်စွာပင် ပြုံးမိ၏။
ထို့နောက် သက်ပြင်းချကာ တိုက်ခန်းရှိရာသို့ အကြည့်ပို့မိသောအခါ လှေကားမှ တစ်ယောက်ယောက် ဆင်းလာသည်ကို တွေ့ရသည်။

ထိုတစ်ယောက်ယောက်ဟာ မည်သူဆိုတာကို သိလိုက်သည်နှင့် အကွယ်တစ်နေရာသို့ ခပ်သွက်သွက် ပြေးပုန်းရ၏။

Aish!
အပြစ်လုပ်ထားတာလည်းမဟုတ်ပဲနဲ့ ~
image ပျက်လိုက်တာ..

လှေကားကနေ ဆင်းလာသူ BaekHyun ကတော့ ခေါင်းငိုက်စိုက်ချကာ သူ့လမ်းသူသွားနေသဖြင့် ကျွန်တော့်ကို မြင်မည်မဟုတ်။

စိတ်ညစ်နေသည့် သူ့ပုံစံကို မြင်ရတော့လည်း ရင်ထဲမကောင်းပေ။

💫💫💫

ဘယ်များသွားတာပါလိမ့်လို့...
သူတစ်ယောက်တည်း အဒေါ်ကြီး Lee ၏ ဆိုင်သို့သွားပြီး ပုလင်းသွားထောင်နေတာ။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now