အခန်းမှာ သင်းချယ်ရီထွေးတစ်ယောက်တည်း ကျန်ရစ်သည်။

Minus Downက EDကျန်းလောင်ဝေ့ရဲ့ မွေးပြီးစားတဲ့သား။
ကျန်းလောင်ဝေ့ရဲ့ မွေးစားသား Minus Downက, ဖုန်းမှာ ပိုင်စီးပုံကို Wallpaper ထားတယ်။
ငါ မြင်သွားတော့ Minus Downက သိသိသာသာ သွေးပျက်သွားတယ်။

အရင်ဆုံး ဒီ Panorama Hotel ရဲ့ ED ကျန်းလောင်ဝေ့အကြောင်း အတွင်းကျကျ စုံစမ်းရမယ်။
ကျန်းလောင်ဝေ့ကနေ Minus Downအကြောင်းကို သိလာမယ်။
Minus Downကနေ ပိုင်စီးအကြောင်း တစ်ခုခု ထွက်လာလေမလား။

တစစီဖြစ်နေသော အပိုင်းအစများကို တစ်ခုချင်းစီ ဆက်ကြည့်ရင် အကြီးကြီးတစ်ခု ပုံပေါ်လာမယ် မျှော်လင့်ရသည်။

ပိုင်စီးကို ဖျတ်စီးနိုင်ဖို့ ဒါက လမ်းစပဲလား ...

------------------

ကျန်းလောင်ဝေ့သည် Bathrobe ဖရိုဖရဲနဲ့ စားပွဲပုပေါ် ခြေနှစ်ချောင်း ပစ်တင်ထားသော Downကို စကားပြောချင်လွန်းလို့ တစ်ချိန်လုံး စူးစိုက်၍ ကြည့်နေ၏။ အချိန်တွေ တရွေ့ရွေ့ကုန်လာသည့်တိုင် Downက ကျန်းလောင်ဝေ့ကို ရှိတယ် ထင်ရဲ့လားမသိ။

မှန်ခြားထားသော အခန်းပြင်ကို ငေးချင်တိုင်းငေးနေသည်။ အငွေ့တဖွာဖွာ လွင့်နေသော စီးကရက်ကို လက်ကြားထဲညှပ်လျှက် ကြမ်းပြင်ကောဇောစိမ်းပေါ် တစ်မှုန်ခြင်း ပြာချွေချနေသည်။

ခြွှေချတာက ပြာ၊ သို့သော် မီးစသာ အနေအထိုင်မတတ် ပါသွားရင် လောင်ကုန်တော့မှာပဲ။

""ဟိုတယ်ကို ပြောင်းတာ လောလွန်းတယ်မထင်ဘူးလား ... ကလေးလေး""

Downအရင်စကားစမည်ကို မစောင့်နိုင်တော့သည့်အဆုံး ကျန်းလောင်ဝေ့က စပြောသည်။

""မထင်ပါဘူး ... ဒီဟိုတယ်မှာ မရှိတဲ့, အင်း ... ပိုင့်အနားမှာမရှိခဲ့ပဲ ကုန်လွန်သွားတဲ့ တစ်လကျော်အချိန်ကိုသာ နှမြောမိတယ်""

ကျန်းလောင်ဝေ့ မေးတာကို မဆိုင်းမတွ, တွေးတွေးဆဆ ပြန်ဖြေဖော်တော့ရသည်။

""ကလေးလေးရာ! အသက်ပြင်းတယ်ဆိုတိုင်း ကိုယ့်ကိုယ်ကို ပစ္စလက်ခတ်မနေပါနဲ့။ ငယ်တုန်းရွယ်တုန်းတော့ ကိုယ်ခံအားကောင်းနေလို့ ပြသနာမရှိပေမဲ့ အသက်ကြီးလာရင် ဒီငယ်ငယ်တုန်းက ကျန်းမာရေးမှာ ပေါ့ဆမိသမျှ ဒဏ်ပြန်ခံရမယ်""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now