သို့သော်လည်း MongRyeong ကို ကြည့်ရင်း သိချင်စိတ်ဖြစ်ရသည်။
ဒီကလေးလေးကို ကျွန်တော့်ဆီ ChanYeol ပို့ပေးလိုက်တာလား?
တွေးကြည့်တော့ သူက လွဲပြီး မရှိပေ..
သူငယ်ချင်းအစုတ်ပလုတ်တွေကလည်း ဒါမျိုး puppy လေး ပို့ပေးကာ စပရိုက်လုပ်မယ့် အကောင်မျိုးတစ်ကောင်မှမပါ။
နောက်ပြီး ဒီနေ့က ကျွန်တော့်မွေးနေ့လည်း မဟုတ်..
သူလားဟု တွေးမိပြန်တော့လည်း နှစ်ပတ်နီးပါးလောက် အဆက်အသွယ်မလုပ်သည့် ကနေဒါမှာ ရောက်နေသောသူက ကျွန်တော့်ဆီ Corgi လေးတစ်ကောင်ပို့ပေးဖို့ ရာခိုင်နှုန်းနည်းနေသလိုပင်။
ကြမ်းပြင်ပေါ် လှဲချလိုက်တော့ MongRyeong လေးသည် ကွတကွတလေးနှင့် အနားရောက်လာကာ ရင်ဘတ်ပေါ် တက်လာလေ၏။
အသည်းယားစွာဖြင့် အားရပါးရ နမ်းပစ်လိုက်သည်။
Park ChanYeol ဂျောင်းတော့!
MongRyeong ရှိရင် ဘာမှမလိုတော့ဘူး။
💫💫💫
အင်း... 😪
တကယ်တော့ Park ChanYeol ကို ဂျောင်းခိုင်းဖို့က ထင်တာထက် ခက်သည်။
✉ Park ChanYeol.. မင်းကို အချိန်တစ်ရပ်ပေးမယ်။ မနက်ဖြန်ညမှ ငါ့ကို reply မလုက်ရင်တော့ မင်းကို လုံးဝမေ့ပစ်တော့မဟ်.. မင်းကို ငါ့ဘဝထဲက အပြီးအပိုင်ထုတ်ပစ်တော့မာ! သိလား??? သိဠားလို့?! ✉
မျက်စိကို အတင်းဖိမှိတ်ချပြီး ခေါင်းကို တစ်ချက်ခါရမ်းကာ မက်ဆေ့ခ်ျကို စူးစိုက်ဖတ်ကြည့်တော့ စာလုံးပေါင်းတွေ မှားနေမှန်း သိရသည်။
သို့သော် ပြန်ပြင်ပို့ရာအတွက် စာလုံးတွေကို လိုက်ရှာမကြည့်နိုင်တော့..
ခေါင်းတွေ တရိပ်ရိပ်နှင့် မူးတက်နေသော နားထင်က သွေးကြောများမှာလည်း တဒုတ်ဒုတ်နှင့် ကျယ်လောင်စွာ ခုန်နေသလို။
မက်ဆေ့ခ်ျကို စာလုံးပေါင်းအမှားအတိုင်းပင် ပို့လိုက်ပြီး မျက်စိရှေ့ ဖန်ခွက်ကို ကောက်ယူမော့လိုက်သည်။
"ဟျောင့်! Byun BaekHyun!"
"ဘယ်လိုဖြစ်လို့ တစ်ယောက်တည်း ပုလင်းထောင်နေတာတုန်း?"
အသံလာရာကို မော့ကြည့်တော့ ကျွန်တော့်ကို ငုံ့မိုးကြည့်နေကြသည့် Oh SeHun နှင့် Kim JongIn..
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 11 장✨
Start from the beginning
