ဘာလို့ အဆက်အသွယ် မလုပ်တော့တာလဲ ChanYeol ရာ...

နှလုံးသားထဲက သောကမီးလျှံတို့ဟာ ငြှိမ်းသက်လို့မရ။
တိုးထွက်ချင်နေသော မျက်ရည်စတို့ကို မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ကာဖြင့် အတင်းသိမ်းဆည်းနေမိသည်။

ခံရခက်လိုက်လေခြင်း!
တလျှောက်လုံး အားကိုးမှီတွယ်စရာမလို တစ်ကိုယ်တည်း ရပ်တည်လာကာ အေးအေးဆေးဆေး ဖြစ်နေသော ဘဝထဲ အတင်းဝင်ရောက်လာ၍ သူ့ကို သဘောကျလာအောင်၊ ငြိတွယ်လာအောင်၊ ချစ်လာအောင် လုပ်ယူခဲ့ပြီးမှ ခုလို အဆက်အသွယ်ဖြတ်ပြီး ပစ်ထားခဲ့တာ..

မတရားလိုက်တာ..
Park ChanYeol!!
မုန်းတယ်!!! 😑

တကယ်တော့လည်း မမုန်းပါ... 😑
သူ အိမ်မှာ နေသွားတာဖြင့် တစ်လတောင် မပြည့်သေး.. မြန်မြန်ဆန်ဆန်ကြီး ငြိတွယ်သွားမိသည့် ကိုယ့်ကိုကိုယ် ပိုမုန်းသည်။

သက်ပြင်းရှည်တစ်ချက်ကို ရှိုက်ထုတ်ကာ မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်ပြီးနောက် laptop ကို ဖွင့်လိုက်သည်။
ဒီထက်ပိုပြီး သူ့ကြောင့် အလုပ်ပျက်မခံချင်တော့ပါ။

laptop screen ပေါ်က ရေးလက်စ စာများကို ထိုင်ကြည့်ရင်း ဘာထပ်ရေးရမလဲ စဉ်းစားပေမယ့် စကားလုံးတစ်လုံးမှ ထွက်မလာ။

ခက်သည်..
အတင်းဖျစ်ညှစ်ရေးထုတ်ရင်လည်း လိုချင်သလောက် ကောင်းမည်မဟုတ်။

မျက်လုံးကို မှိတ်ချပြီး စိတ်ကို ငြိမ်ငြိမ်ထားဖို့ စဉ်းစားမိနေသမျှ အတွေးများအကုန် နှင်ထုတ်ပစ်ရန် ကြိုးစားရသည်။

'ding dong~'

"ဟားးးးးးး!"

စိတ်ငြိမ်အောင် မနည်းကြိုးစားနေကာမှ တံခါးဘဲလ်သံက ထွက်ပေါ်လာခဲ့သည်မို့ စိတ်ရှုပ်ရှုပ်နှင့် အော်ဟစ်မိ၏။

ဘယ်တော့မှ စာဆက်ရေးလို့ ရမှာလဲ?!

laptop ကို စားပွဲပေါ် ချထားခဲ့ကာ တံခါးသွားဖွင့်သောအခါ တစ်ခါမှမမြင်ဖူးသော လူတစ်ယောက်သည် သံလှောင်အိမ်ခပ်ကြီးကြီးတစ်ခုကို ကိုင်ကာ အိမ်ရှေ့ရပ်နေသည်။

လှောင်အိမ်ထဲ ကြည့်လိုက်မိသောအခါ မျက်လုံးပြူးသွားရ၏။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now