✨제 11 장✨

Mulai dari awal
                                        

အတွေးများကို ခေါင်းထဲက ထုတ်ပစ်ရန် ဖုန်းနှင့်ပင် သီချင်းဖွင့်ကာ လိုက်ဆိုညည်းနေလိုက်သည်။
'Til I Do' သီချင်းလေး အလှည့်ရောက်လာတော့ တစ်ချိန်က ထိုသီချင်းလေးကို ဆိုပြခဲ့ဖူးသော သူ့အား နင့်နင့်သည်းသည်း သတိရမိပြန်၏။

သူများ လိုင်းတက်လာပြီလား ကြည့်သော်လည်း မီးစိမ်းလေးလင်းနေခြင်းမရှိ..
မကြာမကြာ ဖုန်းကို ဖွင့်ကာ သူ လိုင်းပေါ် တက်လာပြီလား ကြည့်ရတာ အမော။

သို့ရာတွင် တစ်နေကုန် ကျွန်တော် မျှော်နေခဲ့သော်လည်း သူ့အကောင့်လေးသည် မီးစိမ်းမလာခဲ့ပါ။

💫💫💫

✉ ChanYeol ah.. ဘယ်တော့ပြန်လာမှာလဲ?? ✉

✉ အလုပ်တွေများနေတာလား✉??.. ✉

✉ ငါ စိတ်ပူလာပြီ ChanYeol ရာ.. ကျေးဇူးပြုပြီး reply ပြန်ပါဦး ✉

✉ မင်း တစ်ခုခု ဖြစ်နေတာတော့ မဟုတ်ပါဘူးနော် ✉

ဖုန်းထဲက အမေးသာရှိပြီး အဖြေပြန်မလာသော မက်ဆေ့ခ်ျပေါင်းများစွာ...
သက်ပြင်းတွေ ချနေရသည်မှာလည်း တနင့်တပိုး။

ChanYeol နှင့် ကျွန်တော် လုံးဝအဆက်အသွယ်ပြတ်နေသည်မှာ နှစ်ပတ်နီးပါးရှိနေပြီဖြစ်သည်။
မနေနိုင်မထိုင်နိုင် မက်ဆေ့ခ်ျတွေ ထိုင်ပို့နေပါသော်လည်း reply ပြန်လာခြင်းမရှိ။
တနေ့တနေ့ လုံးဝမီးမစိမ်းလာသော သူ့ facebook acc ကို ကြည့်ပြီး အကြီးအကျယ် သောကရောက်နေရသည်။

ဖြစ်တည်နေပြီးသား အလွမ်းထုထည်ပေါ် စိုးရိမ်သောကများ ထပ်ဆင့်ပိုလာလေပြီ။

အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့နေရတာများလား?
ဒါမှမဟုတ်...
ကျွန်တော့်ကို လုံးဝအဆက်အသွယ် မလုပ်ချင်တော့လို့များလား။

တွေးမိသမျှ အတွေးတိုင်းဟာ စိတ်ချမ်းသာစရာမရှိ။
တစ်ခါတလေ စိတ်နှင့်လူနှင့် မကပ်ဖြစ်ကာ နေလို့ထိုင်လို့မကောင်း..

ရုပ်ရှင်ရိုက်မည့် ကျွန်တော့်ဝတ္ထုထဲ အခန်းပိုနည်းနည်း ထပ်ထည့်ပေးပါရန် တောင်းဆိုထားသော်လည်း ခုချိန်ထိကို ဘာမှဟုတ္တိပတ္တိ မရေးဖြစ်သေး။
ကြာလာလျှင် အချစ်ကြောင့် အသက်မွေးဝမ်းကြောင်းနှင့်ပတ်သက်ပြီးတော့မှ ဒုက္ခရောက်နိုင်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Tempat cerita menjadi hidup. Temukan sekarang