Park ChanYeol ကောင်စုတ်! 😒
လွမ်းလိုက်တာ...
သတိရလိုက်တာ.. အရမ်းပဲ။
ကျောက ဒဏ်ရာသက်သာပြီး ဆေးရုံက ဆင်းဆင်းချင်းနေ့မှာပင် ကနေဒါသို့ တန်းထွက်သွားခဲ့တာ...
ခုမှ ကိုယ့်စိတ်ကို သိရုံရှိသေး.. ဖွင့်ဟပြောဖို့ စိတ်ကူးမရှိသေးပေမယ့် အတူတူရှိနေပြီး သူက flirt ရင် ကျွန်တော်က ရင်ခုန်ရတာမျိုးလေး ဖြစ်ချင်သည်။
ခုတော့ ~
မရှက်တမ်းဝန်ခံရလျှင် မျက်နှာလေး တကယ်မြင်ချင်ပါသည်။
အိပ်နေရာကနေ ဖုန်းကို ဖွင့်ပြီး သူ့ SNS စာမျက်နှာပေါ်က ရှားပါးလွန်းလှသော မျက်နှာအပြည့်ပါသည့် ဓာတ်ပုံတို့ကို ကြည့်ရင်း အလွမ်းဖြေရ၏။
ရောဂါက တော်တော်ရင့်နေပါပြီ..
အမြဲလို အင်တာနက်လိုင်းဖွင့်ထားတတ်ကာ ChanYeol ၏ SNS acc လေး online ဖြစ်မဖြစ်ကို ကျွန်တော် ကြည့်,ကြည့်နေတတ်သည်။
နေ့လည်သုံးနာရီ၊ လေးနာရီဝန်းကျင်လောက်တွင် သူ လိုင်းတက်လာတတ်သည်။
တစ်ခါတစ်ခါ ဒီအတိုင်း စာပို့ပြီး စကားပြောသလို တစ်ခါတလေ ဖုန်းခေါ်၏။
video call ခေါ်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် အလွမ်းသယ်ဖို့ကျ ကျွန်တော်တို့က ချစ်သူရည်းစားတွေ မဟုတ်ကြသလို သူကလည်း ရိုဆန်သူ၊ ပြုစားတတ်လွန်းသူမဟုတ်။
HyeJung ကို သဘောကျခဲ့တုန်းက တစ်ခါတလေ သတိရပြီး မျက်နှာလေး မြင်ချင်မိတာမျိုးတော့ ခံစားခဲ့ရဖူးသော်ငြား...
နင့်နင့်သီးသီး လွမ်းဆွတ်နေမိတာကတော့ Park ChanYeol နှင့်မှ။
သက်ပြင်းသာ အကြိမ်ကြိမ် မှုတ်ထုတ်နေမိသည်။
အချစ်ကို စတင်ခံစားလာရတော့ စိုးရိမ်မှုကပါ အလိုလို မဖိတ်ခေါ်ပါပဲ ဝင်ရောက်လာ၏။
ကျွန်တော်ကသာ သူ့ကို လွမ်းနေမိတာ..
သူက ကျွန်တော့်ကို လွမ်းနေပါ့မလား?
ကျွန်တော် သူ့ကို သဘောကျနေပြီ ဖြစ်ပေမယ့် သူက ကျွန်တော့်ကို ချစ်တယ်ဆိုတာ ဟုတ်ပါ့မလား? သာမန်ကာလျှံကာ ပြောလိုက်တဲ့ စကားတွေလား?
စသဖြင့်သော အတွေးပေါင်းများစွာ...
တွေးမိတိုင်း ရင်ထဲ လေးနင့်လာကာ ဘယ်လိုမှ နေထိုင်မကောင်းတော့။
တစ်ယောက်တည်း အချိန်ကုန်ရသည့်အခါ အတွေးပေါင်းစုံလျှောက်တွေးနေတတ်သည့် အကျင့်ကလည်း ဖျောက်မရ။
VOCÊ ESTÁ LENDO
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfic➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 11 장✨
Começar do início
