ဖိနပ်ချွတ်ပြီး မီးခလုတ်တွေအားလုံးကို တချောက်ချောက် ဖွင့်မှ အိမ်ထဲ မီးရောင်တို့ မြိုင်ဆိုင်စွာ လင်းထိန်သွားသည်။ အိမ်ကြီးထဲ ပိုင်စီး၏ လမ်းလျှောက်သော ခြေသံ နှင့် လှုပ်ရှားမှု့အသံကလွဲ အခြားသောအသံ ဘာမှမထွက်။

ပိုင်စီး စိတ်ပူသွားသည်။

သူ မရှိတုန်း အိမ်မှာ ဘာပြသနာများ ဖြစ်လေသလဲ။

ပါးစပ်က တကြော်ကြော် အော်ခေါ်ရင်း အိမ်အပေါ်ထပ်ကို ခပ်သွက်သွက် တတ်သည်။ အပေါ်ထပ် မ နှင့် သူ၏ အိပ်ခန်းမှာလည်း တစ်ဦးတစ်ယောက်မှ မတွေ့လေတော့ ပိုင်စီး စိုးရိမ်စိတ်နဲ့အတူ အသံနှုန်းမြင့်တတ်သွားသည်။

""မ ... ဘယ်မှာလဲ။ နားရာ... ဖေဖေပြန်ရောက်ပြီ။ သမီးဘယ်မှာလဲ""

အေးအေးလူလူ အသံပြုခြင်း မဟုတ်တော့ပဲ ကုန်းအော်သည့် အဆင့်ရောက်သွားသည်။ ထိုအခါမှ အိပ်ခန်းထဲ ဝင်လာသော မ။

""အမေတရားထိုင်နေတယ် ... တိုးတိုးနေပေး""

 မ ကို တွေ့တွေ့ချင်း မ အနား ပိုင်စီး ရောက်သွားသည်။ မ ပခုံးကို ကိုင်လျှက်

""မ ရယ် ... မောင် ရှာလိုက်ရတာ။ ဘယ်လောက် စိတ်ပူသွားတယ် မှတ်လဲ""

မ ကို တွေ့သည့်တိုင် စိတ်ပူတာ မလျော့သေးသောကြောင့် ပိုင်စီး သည် နူးညံ့နေမှာတော့ မဟုတ်။

""ဘာစိတ်ပူစရာရှိလဲ ... ကိုယ့်အိမ်ထဲမှာပဲဟာ။ သမီးကိုသိပ်ရင်း မှေးခနဲဖြစ်သွားတာ""

ပခုံးကို ကိုင်ထားသော ပိုင်စီး၏ လက်ကို ဖယ်ချပြီး မ က ခပ်ပြတ်ပြတ်ဆိုသည်။

""ဘယ်မှာ သွားအိပ်နေတာလဲ။ ဒီအခန်းမှာ မအိပ်ဘူးလား""

""နားရာ အစောကြီးအိပ်သွားတာ။ ညဖက် ထ ဂျီနေရင် မောင် အအိပ်ပျက်မှာစိုးလို့ မတို့ သားအမိ ဒီည တစ်ဖက်ခန်းမှာ ပြောင်း အိပ်မယ်""

""အကြောင်းမပြပါနဲ့ မ ရာ။ ဘယ်တုန်းကများ အခန်းခွဲ အိပ်ဖူးလို့လဲ။ နားရာလေး မွေးကတည်းက ညဖက်ဆူဆူ မဆူဆူ မောင်တို့နှစ်ယောက်အတူတူ ထိန်းကျောင်းခဲ့တာပဲ။ အတူတူ အိပ်ရေးပျက်ခဲ့ကြတာပဲ။ နားရာနဲ့ပတ်သက်ရင် အေးအတူ ပူအမျှ။ တစ်ယောက်နဲ့တစ်ယောက် ခွဲခြား ခွဲခြား မရှိခဲ့ဖူးပါဘူး""

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now