'ကိုကို ထ ပါဦး.. ထ ပါတော့ဆိုဗျာ '
'Hyuneeကြောင့်ဖြစ်တာ hyunee ဆိုးလို့ ဖြစ်တာ.. ဟီးး '
'မဟုတ်တာ ကလေးရာ '
ဒူးပေါ်ခေါင်းလေးမှောက်ပြီးငိုနေရာမှ အသံကြားလို့ မော့ကြည့်မိတော့ မျက်လုံးတွေမဖွင့်သေးပဲ မျက်မှောင်ကြုတ်ထားကာ အသက်ကိုခပ်ဖြေးဖြေးရှူနေရသော hyunee ရဲ့ကိုကို byun chanyeol ..
ခပ်မြန်မြန်ပင် ဆွဲထူလိုက်ကာ ရေတွေရွဲနေသော ကိုကို့ ကို hyunee ရင်ခွင်ထဲ ထည့်ထားလိုက်မိသည်
'စိတ်ပူလိုက်ရတာ ကိုကိုရယ်'
'ဘာလို့ အဲ့လောက်စိတ်ပူရတာလဲ ကောင်ဆိုး လေးရဲ့'
'ဟင့်.. ချစ်လို့ ပေါ့ဗျ '
'ဘယ်လို '
ရင်ခွင်ထဲမှကုန်းထ ကာ အတင်းမေးနေသောကိုကို ကို စိတ်မရှည်စွာ ရင်ခွင်ကျဉ်းကျဉ်းလေးထဲ ပြန်ဆွဲထည့်ပြီး
'ချစ်လို့ ပါဆိုဗျာ.. ချစ်လို့ ... အကိုလို မဟုတ်ဘဲ ချစ်သူလို သေသွားအောင်ကိုချစ်နေလို့  '
' မဟုတ်သေးဘူး hyunee .. ကိုကိုတို့ ကညီအကိုတွေလေ'
'အရင်းမဟုတ်တာ ကိုကိုရော hyunee ရော သိနေပြီးသားလေ...
ကိုကို့ ဆီက ချက်ချင်းအဖြေမလိုချင်ပါဘူး..
Hyunee အချစ်တွေကို ကိုကို သိရင်ပဲ အဆင်ပြေပြီမို့ လို့  ကိုကိုက ချစ်တယ်မပြောလည်း ရပါတယ် '
'ကလေး.. '
'ဒါပေမယ့်လေ.. ကိုကိုသိလား.. ကိုကိုလည်းhyuneeကို ချစ်တယ်ဆိုတာဒီနေရာကနေ ခံစားသိနေတယ်'
' ကိုကို့  hyunee ရယ် '
ရင်ဘတ်ကလေးကို လက်နဲ့ ပုတ်ပြနေသောငိုမဲ့မဲ့ကောင်လေးကို ဒီတခါ ကျနော်က ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်
ကျေးဇူးရှင်ကို ကျေးစွပ်တာမျိုးဖြစ်မှာဆိုးလို့  ကိုကိုစောင့် ထိန်းခဲ့သမျှအချစ်တွေဟာhyuneeရဲ့ ပွင့်လင်းမှုကြောင့် ရှေ့ ဆက်နိုင်ခဲ့ပြီ... ကိုကိုတို့ သေတဲ့အထိ အတူတူရှိနေကြမယ်.... Hyunee...
... ပျော်စရာအချိန်တွေကို ကောင်လေးနှစ်ယောက်ဟာ အပြုံးတွေ.. ရယ်မောခြင်းတွေဖြည့်စွက်ပြီး ကျော်ဖြတ်လာခဲ့ကြတယ်
ဘ၀ဟာ ဟာသကြီးပဲမဟုတ်သလို ကြည်နူးစရာအပြည့်နဲ့  သိခ်ါရ ရသ မြောက်နေတာမျိုးလည်းမဟုတ် ဘူး
ရယ်စရာလွမ်းစရာ ကြည်နူးစရာ တမ်းတစရာ ငိုကြွေးစရာ စသည် စသည်ဖြင့် အမျိုးစုံသော လောကဇာတ်ခုံကြီးတခုပင်..
🌈 အရောင်မဲ့ သက်တန့်  🌈
Start from the beginning
