🍏 Reflection of LOVE..🍏

Start from the beginning
                                        

မျက်ရည်တွေရစ်ဝဲနေတဲ့ မျက်လုံးရွဲကြီးတွေနဲ့ ကြည့်ပြီး
လှည့်ထွက်သွားတဲ့ ကောင်မလေးကြောင့် ရင်ဘတ်တခုလုံးမွစာကြဲသွားသလိုခံစားရသည်
သူဘာကြောင့် မျက်ရည်တွေနဲ့ ပဲ ကျနော့်ကိုကြည့်နေရတာလဲ.. တကယ်မုန်းတယ်

ပြီးတော့ ကိုယ်ဝန်.. ဘယ်သူနဲ့ ရတာလဲ
တရုတ်ရောက်တော့ သူ့ ကိုဘယ်မှမသွားခိုင်းလို့  ဘယ်မှမသွားတတ်ဘူး ဖြစ်စရာလည်း အကြောင်းမရှိဘူး

အာ့ဆို အိမ်ကိုခဏခဏ အလည်လာနေတဲ့ xing နဲ့ Luhan တယောက်ယောက်များလား?

~~~

" ဟက်.. မင်းနဲ့ တကုတင်ထဲအိပ်တဲ့မိန်းမ ကိုယ်ဝန်က မင်းကလေးမဟုတ်လို့ ငာ့ကလေးလား ပြော "

Luhan စကားကြောင့် chanyeol ဒေါသမထိန်းနိုင်စွာ

" မင်းဘာစကားပြောတာလဲ luhan "

" မင်းတို့ ကလည်းကွာ သူငယ်ချင်းအရင်းကြီးတွေပဲဟာ လက်မပါကြနဲ့ ... Chanyeol  သူ့ ကော်လံစ လွှတ်လိုက်

ဘာလို့ မင်းက အဲ့လိုတွေလိုက်မေးနေတာလဲ chanyeol
မင်းနဲ့ သူ့ မှာ ဘာပြသနာရှိခဲ့လို့ လဲ "

" လက်ထပ်ပြီးကတည်းက တစ်ခုတင်ထဲအိပ်တာမှန်ပေမယ့်သူ့ ကို တခါမှ မထိဘူး "

" လက်ထပ်ပြီးမထိပေမယ့် လက်မထပ်ခင်က ထိခဲ့လို့ နေမှာပေါ့.. သေချာစဉ်းစားဦး "

Xing စကားကြောင့် chanyeolဟာ  pauseပေးခံလိုက်ရတဲ့ စက်ရုပ်လို ငြိမ်သက်သွားတယ်

* ဟိုတုန်းကဖြစ်ခဲ့တာ တကယ်ပေါ့.. လိမ်စဉ်မဟုတ်ဘဲ ဘာကြောင့် မင်း ပြန်မဖြေရှင်းတာလဲ Baek..
ကိုယ် ပြောခဲ့တဲ့စကားတွေက နားထောင်ကောင်းနေခဲ့လို့ လား...

Sunbinပြသနာတုန်းကလည်း သက်သက်မဲ့ ငွေညှစ်ခံရတာကို မရှင်းပြခဲ့ဘူး  *

Baek သူ့ အပေါ်အနွံတာခံမှုတွေက အနှေးပြကွက်တွေလို အစီအရီပေါ်လာခဲ့သည်

မူးချင်ယောင်ဆောင်ပြီး သူမ ကို အလုပ်ရှုပ်စေခဲ့တာတောင် အပြုံးမပျက်ခဲ့သောသူမကြောင့်
လိပ်ပြာမသန့် ပေမယ့် ကြည်နူးမိတာ ဘာကြောင့်လဲ

မင်းကိုမချစ်တဲ့လူအတွက်နဲ့ သိပ်ချစ်တဲ့အဖေတောင်ခွဲပြီး နိုင်ငံရပ်ခြားကို လိုက်လာရဲတာကိုက ချစ်လို့ ကလွဲရင်မဖြစ်နိုင်

မင်းဆီကနေ ကိုယ့်ဆီပေးလိုက်တဲ့အချစ်တွေက
အလင်းတွေလို ကိုယ့်ဆီကနေတဆင့် မင်းကိုချစ်ဖို့ မင်းဆီပြန်သွားနေပြီ .. ကိုယ်လည်းမင်းကိုချစ်နေပါတယ်baek

" ငာ့Baek.. ငာ့ Baek ကိုပြန်ရှာပေးကြပါဦး သူတရုတ်မှာ ဘယ်မှ မသွားတတ်ဘူးကွ "

Luhanကခေါင်းတရမ်းရမ်းနှင့်ပင်
" မလွယ်ဘူး မင်းနဲ့ တော့ 
လမ်းမပေါ်ကနေ ငာတို့ တွေ့ လို့ ခေါ်လာတယ် ခြံထဲမှာပဲနေခဲ့တယ် "

ခြံထဲကို အပြေးဆင်းသွားလိုက်သည်

" Baek "

" ကိုကို "

" ထွက်မသွားတော့ဘူးမလား "

" ကိုကိုက နေစေချင်လို့ လား "

အနားက သေးသေးလေးကို ဆွဲပွေ့ လိုက်ကာ

"Baek ရဲ့အချစ်တွေက ကိုယ့်ဆီလာရိုက်ပြီး ရိုက်လင်းတန်းအနေနဲ့  ကိုယ်အချစ်တွေကိုသယ်ပြီးbaekဆီပြန်သွားကုန်ကြပြီ "

" သဘောက  ?  "

ရင်ခွင်ထဲကနေမော့တော့လေးမေးနေတဲ့ ကောင်မလေးရဲ့နှုတ်ခမ်းပါးလေးကို ထိရုံလေးနမ်းလိုက်ပြီး

" ကိုယ်လည်း Baekကို ချစ်နေတာ "

မျက်ရည်အ၀ိုင်းသားနဲ့  ကြည်နူးစွာပြုံးနေသောကောင်မလေးကို နောက်ထပ်နမ်းဖို့ ပြင်လိုက်ပေမယ့် ချောင်းဟန့် သံကြောင့်အရှိန်သတ်လိုက်ရသည်
လှည့်ကြည့်လိုက်တော့ အိမ်ထဲကထွက်လာတဲ့ဟို၂ကောင်

" မင်းကလည်းကွာ.. အိမ့်ရှေ့ မှာ မြင်မကောင်းလိုက်တာ
အခန်းထဲသာ သွားကြပါ.. ကိုယ်ဝန်က ၃လပဲရှိသေးတော့
ဖြေးဖြေးသက်သာလုပ်ရင် အဆင်ပြေပါသေးတယ် "

ရင်ခွင်ထဲက ပုတုလေးပိုပုသွားပြီ

" Yaa...  Zhang Yi Xing ဒါလူပျိုပြောရမယ့်စကားလား "

အပြင်မှာသာ အဲ့လိုပြောလိုက်ပေမယ့် စိတ်ထဲကနေတော့ ဆရာဝန်လောင်းသိုးကောင်ကို ကျေးဇူးတင်နေတာ
အဲလိုလုပ်လို့ ဖြစ်လားမဖြစ်ဘူးလား သူဝေခွဲမရတာကို ဖြေရှင်းပေးသွားလို့ ပေါ့ ...
.* ကျေးဇူးပဲ တရောင်ကုတ်ရေ *

~~~~ သည်အန့် ထ် ~~~

အချစ်က အလင်းတွေလိုပါပဲ
စစ်မှန်စွာသာချစ်ပါ...သူ့ ဆီကအချစ်တွေယူပြီး ဖြောင့်တန်းစွာသင့်ဆီပြန်လာလိမ့်မယ်

ပုံ/ နေကော 😆

ဇွန်၃၀ ကတည်းကရေးနေတာ ခုမှပြီးတယ် 😂

Chanbaek ~~~Only one collection 💜Where stories live. Discover now