🍏 Reflection of LOVE..🍏

Start from the beginning
                                        

ပြောစကားကြောင့် ဒေါသထွက်သွားတဲ့ Mr. byunမျက်နှာရယ်.. လင်နဲ့ အဖေကြား ဗျာများပြီး ငိုမဲ့မဲ့လေးဖြစ်နေတဲ့ Baekမျက်နှာလေးရယ်က သူ့ ကိုအားရကျေနပ်စေတယ်..

*တို့ ချစ်သူ၂ယောက်ကို စိတ်ညစ်အောင်လုပ်ခဲ့တာပဲ ခု မင်းတို့ ၂ယောက်အလှည့်လေ .. ဟုတ်တယ်မလား byun Baek hyun *

" မင်းဘာသာသွား chanyeol.. သမီးက ငာနဲ့  ဘယ်တုန်းကမှ ခွဲဖူးတာမဟုတ်ဘူး..  မင်းနဲ့ အတူလိုက်မှာလည်းမဟုတ်ဘူး .. ဟုတ်တယ်မလား.. သမီးလေး "

" Baek.. ကိုကိုနဲ့ ခွဲနိုင်လို့ လား.. ကိုကိုက Baek မရှိရင်နေနိုင်မှာ မဟုတ်ဘူးနော် "

" သမီး ..သမီးကို ခွင့်လွှတ်ပါappa ကိုကိုနဲ့ ပဲလိုက်သွားမယ်နော် "

မျက်ထောင့်နီကြီးနဲ့  စိုက်ကြည့်နေသော appaကို ကြောက်ရွံ့ စွာခေါင်းကိုသာ အတင်းငုံ့ ထားမိသည်

* ငေါက်ခနဲ Baekသေသွားရရင် ကောင်းမယ် *

" ဒါ သမီးရွေးချယ်လိုက်တဲ့ လမ်းပေါ့.. ကောင်းပြီ သမီး..
သမီးက ခြေစုံကန်ပြီး အဖေ့ရင်ခွင်က ထွက်သွားရက်ပေမယ့် အမှတ်မရှိတဲ့ အဖေက အမြဲကြိုနေမယ်..
သမီးအိမ်ထောင်ရေး အဆင်မပြေတာ သမီးဘယ်လောက်သိုဝှက်ထားထား အဖေသိတယ်
သည်းမခံနိုင်တော့တဲ့တနေ့  အဖေ့ဆီသာပြန်လာခဲ့ "

~~~~~

" ပြော.. ဒီကလေးအဖေက ဘယ်သူလဲ  "

" ကိုကို.. သိပ်တရားလွန်နေပြီနော်.. ဒါ ကိုကို့ ကလေး "

"အပိုတွေလုပ်မနေနဲ့  မင်းနဲ့ ငါအတူမနေတာ မင်းအသိဆုံး "

" Baek ကို မယုံရင်တောင် ဗိုက်ထဲက ကလေးကို ကိုကိုယုံရမယ်.. ဒါဟာ ကိုကိုနဲ့  Baekတို့ ကလေးး "

" သွားကွာ.. သွားကွာ.. အပိုတွေပြောမနေနဲ့  မမြင်ချင်ဘူး ငာ့ရှေ့ ကအခုထွက်သွား "

အတင်းနှင်ထုတ်နေသော ကိုကိုမျက်နှာချောချောကိုကြည့်ပြီး Baekဆွံ့ အနေမိသည်
ဖျက်ခနဲ လှည့်အထွက်မှာကြွေဆင်းသွားတဲ့ မျက်ရည်တစက်က ကိုကိုဖိနပ်ပေါ်ဦးခိုက်လျှက်

*... အဲဒါ မျက်ရည်မဟုတ်ဘူး ကိုကို... Baekရဲ့အရာရာပါ.. *

~~~

Chanbaek ~~~Only one collection 💜Where stories live. Discover now