🍏 Reflection of LOVE..🍏

Start from the beginning
                                        

ဆိုင်အပြင်ရောက်တော့မှ မျက်နှာနား လက်လေးထားကာ အပေါ်အောက် ယပ်ခပ်လိုက်သည်

* ဟူး..လိမ်ပြောရ..  ဟန်ဆောင်ရတာ မောလို က်တာ *

~~~

Baek နဲ့ chanyeol တို့  အကျဉ်းချုံးပဲ လက်ထပ်ဖြစ်ကြသည်.. Chanyeolသဘောအတိုင်းပဲပေါ့

ကိုယ့်ကို မုန်းနေတဲ့သူကို ချစ်နေရခြင်းက ငရဲကို သက်ဆင်းနေရခြင်းဆိုရင်
Byun Baek hyunဆိုတဲ့ ဖြူဖြူသေးသေး ချစ်စရာကောင်မလေးကတော့ ငရဲကကျွတ်တော့မယ်မထင်... ကိုယ်တိုင်က ပျော်ဝင်နေတဲ့
ခါးသီးခြင်းမလား...

Yeolအရင်က.. အခုလို ဆိုးသွမ်းတဲ့ကောင်လေးမဟုတ်ခဲ့ဘူး
လူတိုင်းကို နွေးထွေးစွာပြုံးပြတတ်ပြီး ဖော်ရွေလှိုက်လှဲတဲ့ သူ့ ကို
ပန်းချီသင်တန်းမှာ တိုးတိုက်မိရင်းက သူငယ်ချင်းဖြစ်ရာကအစပြုလို့ ချစ်ခဲ့ပေမယ့်

အသက်ထက်ချစ်ရတဲ့သူရှိနေတယ်ဆိုတဲ့သတင်းနဲ့ တင် အချစ်တွေကို သူ မမြင်အောင်ကွယ်ဝှက်နိုင်ခဲ့တယ်

အခုလို ဆိုးသွမ်းပေတေနေတဲ့လူတယောက်ဖြစ်သွားစေတဲ့ တရားခံက Baekကိုယ်တိုင်ဖြစ်နေခဲ့တော့ သူ့ အလိုကျ နှိပ်စက်သမျှခံရုံမှတပါး.. ဘာမှမရှိတော့ပြီလေ

" အားးးး.. ပူတယ် ရေပေး "

သန်းခေါင်ကျော်မှမူးရူးပြန်လာတဲ့သူ့ ကိုထိုင်ငေးရင်း အတွေးတွေထဲ ရစ်ဝဲနေမိတဲ့ ကျမ.. အသံကြားမှ လက်ရှိလောကကို ပြန်ရောက်လာရတော့သည်

ပူတယ်ဆိုလို့  aircomအမြင့်ဆုံး ဖွင့်ပေးထားသော်လည်း
ခြုံပေးတဲ့စောင်တွေကန်ချ.. ရေတောင်းလိုက် အက်ျီတွေချွတ်လိုက်လုပ်နေတဲ့.. အမူးသမားလေးကို
တညလုံး အအေးပတ်မှာကြောက်လို့  မငြီးမငြူအပြုံးမပျက် ပြု စုနေတဲ့ ကောင်မလေးနဖူးပေါ်ကချွေးစက်လေးတွေက နှုတ်ခမ်းက အပြုံးလေးနဲ့ လိုက်ဖက်မှုမရှိစွာ တင့်တယ်နေတယ်...... .

~~~

" တရုတ်ကို ဘာသွားလုပ်မှာလဲ chanyeol..  မင်းက အလုပ်မရှိပေမယ့်  ငာ့သမီးက ဒီမှာအလုပ်တွေရှိတယ်ကွ "

ယောက်ခမ စကားကြောင့် chanyeol ခပ်မဲ့မဲ့ပြုံးလိုက်သည်

" ဟိုက အလုပ်တွေကို သွားဦးစီးမလို့ ပါ.. အန်ကယ်လောက် မကြွယ်ဝပေမယ့်.. ဦးသမီး အလုပ်မလုပ်လည်း စားဖို့ တော့ဖြစ်ပါတယ် "

Chanbaek ~~~Only one collection 💜Where stories live. Discover now