"ChanYeol! ဟင့်.. ဘယ်လိုလုပ်ရမလဲ.. ChanYeol ah"

သံလှေကားကို ကိုယ်လုံးနှင့် ပစ်တိုက်မိခဲ့ဟန်တူသော သက်လတ်ပိုင်းလူတစ်ဦးက တောင်းပန်စကားကို အဆက်မပြတ်ပြောနေသော်ငြား ကျွန်တော် ဂရုမစိုက်မိပေ..

ChanYeol နောက်ကျောဘက်အင်္ကျီတွင် သွေးများစိုရွှဲနေသည်ကို ကြည့်ကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ငိုကြွေးနေမိသည်။

"ဘာမှမဖြစ်ဘူး.. စိတ်မပူပါနဲ့ ကျွန်တော် ဘာမှမဖြစ်ပါဘူး"

ကျွန်တော် စိတ်ပူကာ ငိုနေသည်ကို လိုလားဟန်မတူသော ChanYeol က အားတင်းကာ ပြုံးပြပြီး သူ အဆင်ပြေကြောင်း ပြောသည်။
ထိုသို့ပြောကာမှ ကျွန်တော် ပို၍ပင် ငိုချင်လာ၏။

ဆိုင်ရှေ့ကနေ ဆေးရုံကို ဘယ်လိုရောက်သွားမှန်း မသိပါ..
တစ်လမ်းလုံးငိုကာ လိုက်လာရသဖြင့် ဘာမှလည်း ဂရုမစိုက်မိ။

ကျွန်တော့်အစား ဝင်အနစ်နာခံပေးသည်ကြောင့် ရင်ဘတ်ထဲက အရမ်းနာသည်။
ထို့အပြင် ကျွန်တော် သိလိုက်သည်က...

ChanYeol ကို ကျွန်တော် ချစ်နေမိပြီ။
ကျွန်တော် ရူးသွပ်သွားခဲ့ပြီ ထင်သည်။

🌟MY SPECIAL MAN🌟

To Be Continued ✏

update မလုပ်ဖြစ်တာ တစ်လလောက် ကြာသွားပြီ 😁
J&H ပြီးကတည်းက စာရေးချင်စိတ်ပျောက်နေတာကြောင့်ရော၊ update လုပ်ဖို့ နားလာပူတဲ့လူမရှိတာကြောင့်ပါ အပျင်းထူပြီး မရေးဖြစ်ဘူး 😂

ခုတော့ ဒီ fic လေးကို မြန်မြန်အဆုံးသတ်ပြီး fic အသစ်တင်ဖို့ လုပ်ရမယ် 💪
နောက်အပိုင်းနည်းနည်းလောက်ဆို ပြီးပါပြီ

Luv U all pr 😘

(P.S - BBH ရဲ့ pov မို့ သံလှေကားပေါ်တက်ပြီး ဆိုင်းဘုတ်ပြင်နေတဲ့လူ ဘာဖြစ်သွားလဲ မရေးပေးလိုက်ပါဘူး ကွကိုယ်စဉ်းစားကြည့်ကြပါတော့😝)

#ChanBaekLove
#EternalChanBaek

Unicode

Byun BaekHyun's pov :

တက္ကစီကားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ဆီသို့ ငေးကြည့်ကာ လေညင်းခံနေရာကနေ ဘေးဘက်တွင် ထိုင်နေသော ChanYeol ဆီ မျက်လုံးက သူ့အလိုလို ရောက်သွားသည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now