ဘာရယ်မဟုတ်.. ChanYeol ကို လှမ်းကြည့်မိတော့ နဂိုကတည်းကမှ မပြုံးသော မျက်နှာမှာ မျက်မှောင်ကြုတ်ထားသည်မို့ ရာသီဥတု မသာယာကြောင်း ဖော်ပြနေသလိုပင်။

"Hyunee! မတွေ့ရတာ တော်တော်ကြာနေပြီ.. အဆင်ပြေတယ်မလား?"

JoonGi hyung သည် ကျွန်တော့်အား အကူအညီအများကြီး ပေးခဲ့သည့်သူတစ်ဦး ဖြစ်၏။

"ဟုတ်ကဲ့! hyung ကျေးဇူးကြောင့်ပါပဲ.."

"Aigoo.. Hyunee က ကြာလေ ပိုချစ်စရာကောင်းလေပဲ။ ဒါနဲ့ ဘယ်သွားမလို့လဲ?"

"အိမ်ပြန်မလို့ hyung ရဲ့"

hyung က ကျွန်တော့်အား အသည်းယားစွာ ပါးနှစ်ဖက်အား ဆွဲညှစ်လေသည်။

ခပ်လှမ်းလှမ်း၌ ရှိနေသော Park ChanYeol တစ်ယောက် မျက်နှာကြီး မည်းလာကာ JoonGi hyung ကို မျက်ထောင့်နီကြီးနှင့် ကြည့်နေ၏။

အဲ့တာ သဝန်တိုနေတာမလား။
ရေခဲတုံး အချေကိုယ်တော် Park ChanYeol က အဲ့လိုမျက်နှာပေးမျိုးလည်း လုပ်တတ်တယ်လား။

ChanYeol ဖြစ်ပျက်နေပုံကို ကြည့်ကာ ကျွန်တော် အားရပါးရရယ်ပစ်လိုက်ချင်ပေမယ့် hyung ရှိနေတာမို့ ထိန်းချုပ်ထားရသည်။

"ဒါ hyung ရဲ့ ဆိုင်လား?"

"အင်း.. မနေ့ကမှ စဖွင့်တာ။ အထဲဝင်ရအောင်လေ! menu ထဲက hyunee စားချင်တာသာ မှာလိုက်။ hyung ရဲ့ special guest မို့ free ပေးမယ်.."

"Aigoo~ hyung က သူဌေးဖြစ်နေပြီ.. မဝင်တော့ပါဘူး hyung။ ကျွန်တော်.."

စကားကို ဆုံးအောင် မပြောလိုက်ရ။
တစ်စုံတစ်ယောက်က အားပြင်းပြင်းနှင့် တွန်းလိုက်သည်မို့ မြေပြင်ပေါ် လဲကျသွားခဲ့သည်။

ဘယ်သူတွန်းလိုက်သလဲ၊ ဘာဖြစ်လို့လဲ သိရအောင် ကြည့်လိုက်သောအခါ လဲပြိုကျနေသော သံလှေကားကြီးနှင့် လှေကား၏အောက်တွင် ပိနေသော ChanYeol..။

ပူထူသွားကာ ဘယ်လိုအရှိန်နှုန်းနှင့် ကုန်းရုန်းထပြီး ChanYeol နား ပြေးမိသလဲမသိ။
နှလုံးသားဟာ တွင်းနက်ကြီးတစ်ခုထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားရကာ စိုးရိမ်စိတ်ဖြင့် မျက်ရည်တို့သည်လည်း အဆီးအတားမရှိ ကျဆင်းလျက်...

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now