"ဒီအတိုင်း.. ဒီမှာပဲ ထိုင်ချင်လို့"

အလဲ့!
ဒီတစ်ခါတော့ ကောင်းကောင်းမွန်မွန် ပြန်ဖြေသား။

ChanYeol သည် ကော်ဖီခွက်ကို မော့သောက်လိုက်ပြီးနောက် ထရပ်ကာ

"လာ.. သွားရအောင်!"

"ဟင့်အင်း.. taxi မစီးဘူးနော်။ bus နဲ့ပဲ ပြန်မှာ"

တက္ကစီငှားရန် လမ်းမဘက်သွားဖို့ ပြင်နေသဖြင့် bus နဲ့သာ ပြန်ချင်ကြောင်း ပြောရသည်။
ထိုအခါ ကိုယ်တော်ချောက အလိုမကျဟန်ဖြင့် မျက်မှောင်ကုတ်၏။
ကျွန်တော့်စကားကို ပယ်ချတော့မည့်အရေးကို သိနေသဖြင့် ကျွန်တော်ကပင် ဆန္ဒကို ထုတ်ဖော်ကာ လက်ဦးမှုရယူရတော့မည်။

"တစ်ချိန်လုံး အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ စာရေးလိုက်ပဲ လုပ်နေရတာ.. ခုရက်ပိုင်းလည်း နေမကောင်းလို့ လှဲအိပ်နေရတာချည်းပဲ။ လမ်းလေးဘာလေး လျှောက်ချင်တယ်.."

ဖြစ်ချင်သည့်ဆန္ဒကို အကျိုးသင့်အကြောင်းသင့်ပြောကာ သူ့ကို မစောင့်ပဲ လှည့်ထွက်ကာ အရင်သွားနှင့်လိုက်သည်။
သိပ်မကြာလိုက်ပါ.. ကျွန်တော့်ဘေးနားသို့ သူ ရောက်လာပါ၏။

"နောက်တော့မှ ခေါင်းမူးတယ် ဘာဖြစ်တယ် အော်နေလို့ကတော့ သေပါစေ ပစ်ထားမှာ.."

သူ့စကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။
ကားမှတ်တိုင်သည် ကုမ္ပဏီနှင့် မဝေးသော်လည်း နီးတော့မနီးပါ။

ChanYeol နှင့် ဘေးချင်းယှဉ်ရင်း လူသူများကြား ဖြတ်လျှောက်လာရာက ခပ်လှမ်းလှမ်း၌ ရှိသည့် စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်နေသော လူတစ်ဦး၏ မျက်နှာကို ကျွန်တော့်ဦးနှောက်က scan ဖတ်ပြီးသည်နှင့် ဝမ်းသာအားရ လှမ်းအော်ကာ အနားသို့ ပြေးသွားလိုက်သည်။

"JoonGi hyung!!"

ထိုစားသောက်ဆိုင်သည် hyung ပိုင်သော စားသောက်ဆိုင်လားမသိ။
JoonGi hyung သည် သံလှေကားပေါ်တက်၍ စားသောက်ဆိုင် ဆိုင်းဘုတ်ကို ပြင်နေသော လူအား အောက်ကနေ ညွှန်ကြားနေသည်။

hyung က ကျွန်တော့်ကို တွေ့သည်နှင့် ဝမ်းသာအားရ ပြုံးပြကာ ပွေ့ဖက်နှုတ်ဆက်လာ၏။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now