သူကပဲ တော်လွန်းတာလား.. ဒါမှမဟုတ် ကျွန်တော်ကပဲ အပြောင်းအလဲမြန်လွန်းတာလား။
တကယ်ဆို မဖြစ်သင့်ပါ..
ကျွန်တော့်ထက် အသက်ရှစ်နှစ်ငယ်သည့် ကောင်လေး၊ ဆွေမျိုးဝေးပေမယ့် အမျိုးစပ်ချင်ရင် စပ်လို့ရသည့် ကျွန်တော့်တူဝမ်းကွဲလေး၊ နောက်ပြီး.. သူဟာ ယောက်ျားလေး။

အရင်နှင့်မတူပါပဲ အရောင်စွန်းချင်နေသည့် ကျွန်တော့်ခံစားချက်များကို ကျွန်တော် သတိမထားမိပဲ မနေပါ။
သည့်အတွက် ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ပျက်ရမည်လား၊ ဘာဖြစ်လို့ဖြစ်သင့်သည်မှန်း မသိတော့။

ရူးချင်တယ် Park ChanYeol ရာ...။

💫💫💫

စောင့်နေသည့်သူက ရှိနေလေတော့ အလုပ်ကိစ္စကို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး မဆွေးနွေးနိုင်။
သိပ်ဒုက္ခပေးသည့် အကောင်စုတ်လေး!

သို့ပေမယ့် အလုပ်ကိစ္စက အလုပ်ကိစ္စပဲမို့ ဆွေးနွေးသည်မှာ တစ်နာရီကျော်ကျော် ကြာသွားသည်။
ကျွန်တော့်စာအုပ်တစ်အုပ်ကို ရုပ်ရှင်ရိုက်ကူးချင်သည်ဟု ကမ်းလှမ်းထားသောကြောင့်ပင်..။

ရုံးခန်းထဲက ထွက်လာကာ အနီးအနားတစ်ဝိုက်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
Park ChanYeol ဘယ်နားမှာများ စောင့်နေသလဲ?

ဖုန်းဆက်ကြည့်ရန် ဖုန်းကို ထုတ်လိုက်သောအခါ မက်ဆေ့ခ်ျတစ်စောင်ရောက်နေသည်ကို တွေ့ရ၏။

✉ ကုမ္ပဏီရှေ့မှာ စောင့်နေတယ် ✉

စာက တုံးတိတိရယ်..
Park ChanYeol ပို့ထားသော မက်ဆေ့ခ်ျဆိုသည်မှာ သံသယဖြစ်ဖွယ်ရာမရှိ။

ကုမ္ပဏီအပြင်သို့ ထွက်လာသောအခါတွင် သစ်ပင်တစ်ပင်အောက်က ထိုင်ခုံ၌ ထိုင်စောင့်နေသော ChanYeol ကို တွေ့ရသည်။

"တစ်ချိန်လုံး ဒီမှာပဲ ထိုင်စောင့်နေတာလား?"

ကျွန်တော့်အမေးကို 'အင်း' တစ်လုံးသာ ပြန်ဖြေပြီး ဘေးနားချထားသည့် ကော်ဖီခွက်ကို လှမ်းပေးလာ၏။
ကုမ္ပဏီနှင့် မျက်နှာချင်းဆိုင်ရှိ ကော်ဖီဆိုင်ကနေ ဝယ်လာပုံရသည်။

"ကော်ဖီဆိုင်ထဲမှာပဲ ထိုင်စောင့်နေလိုက်တာ မဟုတ်ဘူး.. အပြင်မှာ အေးနေတဲ့ဟာကို"

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now