"အဲ့ဒါများ ဘာကိစ္စမေးနေသေးလဲ?"

"လိမ်မလား အမှန်အတိုင်းဖြေမလား သိချင်လို့ တမင် မေးလိုက်တာ.. အဖျားက လုံးဝ ပျောက်သေးတာမဟုတ်ဘူး။ ဆေးမသောက်လို့ အဖျားပြန်တက်လာရင် ဘယ်လိုလုပ်မလဲ? အသက်ကဖြင့် မငယ်တော့ဘူး.. ဆေးလိုက်တိုက်နေရတယ်"

အောင်မယ်!
ပြောချင်ရာတွေ တရစပ်ပြောသွားပြီး 'လေပါတယ်' ဟူသည့် ပုံစံမျိုးဖြင့် သက်ပြင်းတောင် မှုတ်ထုတ်လိုက်သေးတာ။

"ဟာကွာ.. လုံးဝ နေကောင်းသွားပါပြီဆို။ ခေါင်းလည်း မမူးဘူး။ နုံးလည်း နုံးမနေဘူး။ အရမ်းကို လန်းဆန်းနေတာ.. နဖူးစမ်းကြည့်ဦးမလား?"

တမင်ရွဲ့ကာ မေးလိုက်သော်လည်း နဖူးပေါ် လက်ဖဝါးတစ်ဖက် ရောက်လာသောအခါ ဘာကြောင့်ရယ်မသိပဲ ခန္ဓာကိုယ်တစ်ခုလုံး ခဏမျှ တောင့်မတ်သွားသည်။

ခပ်တည်တည်နှင့် နဖူးပေါ် လက်လာတင်ကာ ကိုယ်ပူစမ်းသပ်ပြီးနောက် သူ့ဖုန်းသူ ပြန်ကြည့်နေ၏။

စကားပြောပြီးချိန် သူ့လက်တစ်ဖက်က ကျွန်တော့်နဖူးပေါ် ရောက်လာသည့်အခိုက်အတန့် နှလုံးသားက တစ်ချက် ဆောင့်ခုန်သွားသည်ကို သတိမထားမိလောက်အောင် ကျွန်တော် မညံ့ဖျင်းပါ..။

ChanYeol ဘေးမှာ ရှိနေသဖြင့်သာ ကျွန်တော် ကိုယ့်ပါးကိုယ် ခပ်ဆတ်ဆတ် မရိုက်မိခြင်းဖြစ်သည်။
နဖူးပေါ် လက်ကလေး လာတင်ရုံမျှဖြင့် shimkoong နေရအောင် ကျွန်တော်က ဆယ်ကျော်သက် အပျိုဖြန်းလေးလည်း မဟုတ်.. အဲ့ဒါကို... ကျွတ်စ်!

ကုမ္ပဏီသို့ အမြန်ရောက်ချင်နေပြီ။
ဒီနေ့မှ ကားလမ်းက ပိတ်နေသဖြင့် ရောက်ကို မရောက်နိုင်တော့..

ပြတင်းပေါက်အပြင်ဘက်သို့ ငေးရသည်မှာ ပျင်းလာသဖြင့် ဖုန်းသုံးရန် ပြင်လိုက်သည်။
သို့ရာတွင် စိတ်ထဲ အလိုလို တွေးလိုက်မိသည့် လူတစ်ဦးကြောင့် ဖုန်းမသုံးဖြစ်ခဲ့..။

ကျွန်တော့်ကို ချစ်တယ်ဟု ဖွင့်ပြောခဲ့သည့် ChanYeol သည် HyeJung ကို လမ်းခွဲလိုက်ပြီလား?

ဒီအတောအတွင်း HyeJung နှင့် ပတ်သက်၍ နည်းနည်းလေးမှ သတိတရမဖြစ်မိသည်ကို ဝန်ခံပါ၏။
ကျွန်တော် တကယ်ပဲ ChanYeol အပေါ် စိတ်ယိုင်နေမိပြီလား..

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now