ပိုင်စီးမျက်ရည်တွေ မ ပခုံးပေါ် စိုစွတ်သွားသည်။

သမီးလေးပျောက်သွားတာ သုံးနာရီပြည့်တော့မယ်။ နေရာရှိ CCTVတွေက ကောင်းလိုက်၊ မကောင်းလိုက်၊ ရှိလိုက်၊ မရှိလိုက် ဖြစ်တော့ သဲလွန်စ အဆက်အစပ် ရှာလို့မရ။ အခုထိ စုံစမ်းမေးမြန်းထောက်လှမ်းနေတုန်းပဲ ရှိသေးသည်။

ပိုင်စီးမှာ လူမုန်းက များများ ဘယ်သူဖြစ်နိုင်မလဲ ခန့်မှန်းလို့မရ။ တစ်နှစ်ကျော် သမီးလေးက စမ်းတဝါးဝါး လမ်းလျှောက်နိုင်ပေမဲ့ လက်တွန်းလှည်းမှ ဆင်းလျှောက်သွားတာ မဖြစ်နိုင်သေး။ ဖြစ်နိုင်လျှင်တောင် သမီးလေးတစ်ယောက်ထဲဆိုအခုလို ခြေစလက်စပျောက်နေမှာ မဟုတ်။ တွေ့သူမြင်သူ ရှိကို ရှိမည်။

သို့သော် အခု ဘာမှ သတင်းအတိအကျမရ။ သေချာပေါက် တစ်ယောက်ယောက်က လူကြီးတွေကို ရည်ရွယ်ပြီး သမီးလေးကို ခေါ်သွားတာ ဖြစ်ရမည်။

ဘာလို့လဲ ... ဘာလို့ သမီးလေးကိုမှ။ သူ့ရဲ့ အဖိုးတန်ရတနာ ဒီသမီးလေးကိုမှ ... ဓါးစာခံလုပ်ရက်ရတာလဲ။ ဖမ်းမိပါစေဦး။ လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ပိုင်စီး ခွင့်လွှတ်နိုင်မှာမဟုတ်။ စွန်းဝူခုံး ကောင်းကင်ဘုံကို တတ်မွှေတာထက် ရာဇဝင်ဆိုးသွားမယ်။ အခု မ  နဲ့ သူ လောင်ကျွမ်းရသည့် အပူမီးအတိုင်း ပြုလုပ်သူသည် အဆပေါင်းများစွာ ပြန်ပေးဆပ်ရမည်။

""ကိုအာဏာ ... ဖုန်း""

အခန်းထဲ ဇွဲရန် ဝင်လာပြီး ပိုင်စီးဖုန်းကို ကမ်းပေးသည်။

""ငါအခု ဘာကိစ္စနဲ့မှ ဖုန်းမပြောချင်ဘူး""

""အဲ့ဒါ ... နားရာလေးနဲ့ ပတ်သက်""

""ဘာ! နားရာသတင်းရပြီလား ... ပေးစမ်း""

ပိုင်စီး ငေါက်ခနဲ ထ၊ ဖုန်း ကိုင်သည်။ မ လည်း ဖျတ်ဖျတ်လက်လက်ဖြစ်သွားသည်။

""ပိုင်စီးအာဏာပြောနေပါတယ်""

""ပိုင့်သမီး ... တို့ဆီမှာ""

""ဘာ!""

နိဒါန်းတွေ introတွေ ဝင်မနေ။ လိုရင်းကို တိုတိုရှင်းရှင်း တိုတ်ရိုက် ပြောလိုက်သည်။

အခန်းထဲ ပိုင်စီး "ဘာ" သံက တုန်ခါ မြည်ဟည်းသွားသည်။ တစ်ဖက်က ခပ်အေးအေး ပြောနေသည့် မစိမ်းသက်သော အသံကြောင့် ပိုင်စီး ဒေါသတွေ ထိန်းမရ ဆောင့်တတ်သွားသည်။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now