" ငါကတော့ ဆည်းဆာကို သဘောကျတယ်
လူတွေက အဆုံးသတ်ကိုရောက်ဖို့ပဲ ကြိုးစားနေကြရတာမလား... "

" အမှောင်ကို သယ်လာတဲ့ ဆည်းဆာထက်
အမှောင်ကင်းအောင် အလင်းရောင် သယ်လာတဲ့ အရုဏ်ဦးကို ကျွန်တော်ပိုသဘောကျတယ် ကိုးမာန်"

" မင်းနဲ့ငါကတော့ အမြဲ ဆန့်ကျင်ဘက်ပဲနော် ကြိုးလေး..."

တစိုက်မတ်မတ် စိုက်ကြည့်နေတဲ့ မြစ်ရေပြင် မြင်ကွင်းကို ကျောခိုင်းပြီး လှည့်လာတဲ့ ကြိုးလေး......

" အကြိုက်ချင်းတူရင် ရန်သူဖြစ်မှာစိုးလို့လေ... ကျွန်တော် ခင်ဗျားနဲ့တော့ ရန်သူမဖြစ်ချင်ဘူး"

ပြောပြီးမှ သူ့စကားသူ သဘောကျသွားဟန်နှင့် ပြုံးလိုက်သော ကြိုးလေးက ကြည့်ကောင်းတာထက် ချစ်ဖို့ကောင်းနေတာကိုတော့ သွန်းမာန် ပါးစပ်ကနေ ထုတ်မပြောဖြစ်လိုက်ပါ။

" ခဏနေ မနက်စာစားပြီးရင် ညောင်ဦးလေဆိပ် ဆင်းနှင့်မယ်"

" ဟင်?? လေဆိပ်ကို ဘာသွားလုပ်မှာလဲ?? ကားလက်မှတ်ဖြတ်ထားတယ်လေ"

" ကျွန်တော် ကားနဲ့ပြန်မယ် မပြောမိပါဘူး"

သွန်းမာန် ထပ်ပြီး ပြိုင်မပြောတော့ပါ...
သူစ လိုက်ရာက ရစ်လာမှာတွေကို သိနေတာကြောင့် ဘာမှ ထပ်မပြောတော့ပဲ နေလိုက်သည်။

တိတ်ဆိတ်မှု နဲ့ နားလည်မှု တစ်ထပ်တည်းကျနေပါသော သွန်းမာန်နဲ့ ကြွေကြိုး တို့ရဲ့ဆက်ဆံရေး......

အရမ်းကောင်းလွန်းလှသည် မဟုတ်သော်ငြား

ဒီပုဂံ ခရီးစဉ်က နှစ်ယောက်လုံးအတွက်
ခံစားချက်တွေ .........
နားလည်မှုတွေ အစပြုခဲ့သည်သာ...။

~~~~~~~~~~~~~~~~~~~

" သား Daddy နဲ့ စကားခဏပြောရအောင်"

အိမ်ပြန်ရောက်ရောက်ချင်း ဆီးကြို ထိုင်စောင့်နေတဲ့ Daddy ကို မြင်လိုက်တာနဲ့
ကြွေ့ မျက်နှာက အပြုံးရိပ်တစ်ချို့ ပျောက်ကွယ်လုနီးနီး ဖြစ်သွားရသည်။

သို့သော်...

ကြွေ ပေါ့ပေါ့ပါးပါးပဲ sofa မှာ ဝင်ထိုင်လိုက်လေသည်။

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Unde poveștirile trăiesc. Descoperă acum