တံခါးလက်ကိုင်ဘုကို ဆွဲလှည့်လိုက်သောအခါ၌ လှည့်မရ။
အခန်းတံခါးကို ဘာကြောင့် လော့ချထားသည်မသိ။

"ChanYeol!!"

အခန်းတံခါးကို လက်ဆစ်တို့ဖြင့် ခေါက်နေရင်းက အော်ခေါ်နေလိုက်သည်။
အထဲက ပြန်ထူးသံမကြားရသလို တံခါးလာဖွင့်ပေးခြင်းလည်းမရှိ..။
အိမ်မှာ မရှိဘူးထင်သည်။

ChanYeol သည် အခန်းတံခါး လော့ချထားလေ့ရှိမရှိ ကျွန်တော် မသိပါ။
သူ စ,စရောက်သည့်နေ့၌ သူ့အခန်းထဲ ရောက်ဖူးပြီးနောက် ဘယ်တော့မှ ထပ်မရောက်ဖြစ်သလို အခန်းထဲ ဝင်ဖို့လည်း မကြိုးစားခဲ့။

အပြင်သွားတာကို ဘာကြောင့် တံခါးကို လော့ချသွားသလဲမသိ။

ChanYeol အိမ်မှာ ရှိမနေသောအခါ စိတ်ဓာတ်အနည်းငယ် ကျဆင်းသွားသည်။
သောက်ဆေးကလည်း ကုန်နေလေပြီ..။
ဆေးမသောက်ခင် တစ်ခုခုစားဖို့အတွက် အစားအစာလည်းမရှိ။

မဖြစ်တော့..။
ChanYeol ကို ဖုန်းဆက်မှ ဖြစ်မည်။

လမ်းထိပ်က ဆေးဆိုင်သို့ ဆေးထွက်မဝယ်နိုင်သလို ဆေးသောက်ဖို့ရန်အတွက် အစားအစာ ချက်ချင်စိတ်လည်းမရှိ။

ထို့ကြောင့် အခန်းထဲ ပြန်ဝင်လာကာ အိပ်ရာဘေးက စားပွဲပေါ်တင်ထားသည့် ဖုန်းကို ယူ၍ ChanYeol ကို ခေါ်လိုက်ပြီး အိပ်ရာပေါ် လှဲချလိုက်သည်။

"ဟယ်လို!"

"ဟယ်လို! ChanYeol ah~"

"အသံက ဘာဖြစ်နေတာလဲ? နေမကောင်းဘူးလား?"

တစ်ဖက်မှ ChanYeol အမေးကြောင့် ကျွန်တော် အလိုလို ပြုံးမိသွားသည်။
လေသံမှာ စိုးရိမ်ရိပ်တို့ မသိမသာ စွက်နေ၏။

"အင်း.. နေမကောင်းလို့။ မင်း အခု ဘယ်မှာလဲ?? ဘယ်တော့ပြန်လာမှာလဲ?"

"ကျွန်တော် အခု အလုပ်မှာ.. ပြန်လာဖို့က ကြာဦးမယ်ထင်တယ်။ ဘာလို့လဲ??"

"အိမ်မှာ ဆေးမရှိတော့ဘူး.. ဆေးမသောက်ခင် စားဖို့အစာလည်း မရှိဘူး။ ခဏလောက် ပြန်လာလို့မရဘူးလားဟင် ChanYeol ah? ငါ အပြင်မထွက်နိုင်လို့ပါ"

လေသံခပ်ဖျော့ဖျော့နှင့် သနားစရာကောင်းအောင် တောင်းဆိုလိုက်သောအခါ အဖြေပြန်မလာပဲ ခဏမျှ တိတ်ဆိတ်သွားသည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now