#ChanBaekLove
#EternalChanBaek

Unicode

Byun BaekHyun's pov :

ဖျားနေပြီထင်သည်..။
မနေ့က ရေချိုးခေါင်းလျှော်သည်မှာ ကြာသွားတာကြောင့်လားမသိ။
ညတုန်းက ပြတင်းပေါက်ပိတ်ပြီး မအိပ်မိလို့များလား။

မနက်နိုးလာသောအခါ ငြီးစီစီကြီး ခံစားနေရသည်။
တစ်ကိုယ်လုံး အပူတွေ ထွက်နေသလို ခံစားရပြီး မျက်လုံးများသည်လည်း ပူလောင်ကျိန်းစပ်နေ၏။
ခေါင်းလည်း အနည်းငယ် ကိုက်ခဲနေသေးသည်။

ဆေးထသောက်သင့်သည်ဆိုသော်ငြား အိပ်ရာက မထနိုင်သေး။

စိတ်က အလိုလိုပင် ChanYeol ကို တွေးမိသွားသည်။
ယခင်တုန်းက ဖျားနာပြီဆိုလျှင် တစ်ယောက်ထဲ ကြိတ်မှိတ်သည်းခံရသော်လည်း ခု ကျွန်တော် တစ်ယောက်တည်း မဟုတ်..။
သူ ရှိနေပြီမဟုတ်လား။

အရာရာကို တစ်ယောက်တည်း ဖြေရှင်းလေ့ရှိသော်လည်း မှီခိုစရာလူတစ်ယောက် ရောက်လာသောအခါ၌မူ မှီခိုချင်စိတ်တို့ ဖြစ်မိသည်မှာ မဆန်းပါ။
ဟုတ်တယ်မလား??

အခန်းထဲကနေ သူ့ကို အော်ခေါ်ရင် ကြားနိုင်ပါ့မလားမသိ..။
သူကလည်း ကျွန်တော့်အခန်းထဲကို လာသည်မဟုတ်။
သူ့အခန်းထဲ၊ သို့မဟုတ် ဧည့်ခန်း၌သာ TV ကြည့်တာဖြစ်ဖြစ်၊ သီချင်းရေးတာဖြစ်ဖြစ် လုပ်နေတတ်သည်။

"ChanYeol!!!"

တတ်နိုင်သမျှ အသံကျယ်ကျယ် အော်ခေါ်လိုက်သော်လည်း သူ ကြားလောက်မည်မထင်ပါ..။

မတတ်နိုင်။
ကိုယ့်အားကိုယ် ကိုးမှ ဖြစ်တော့မည်။

လှဲအိပ်နေရာက အားယူကာ အိပ်ရာပေါ်က ကုန်းရုန်းထရသသည်။
အိပ်ရာက ကျွန်တော့်ကို ဆွဲယူထားသလိုပင်..။
ထထိုင်ပြီးသော်လည်း ပြန်လှဲအိပ်ပစ်လိုက်ချင်စိတ်ကို မနည်းထိန်းရ၏။

ကိုယ်ခံအားသိပ်ကောင်းသူ မဟုတ်သည်မို့ ဖျားနာပြီဆိုလျှင် တော်တော်ကို ခံရသည်။
ခုလည်း မတ်တပ်ထရပ်လိုက်ပေမယ့် ခြေထောက်တို့၌ အင်အားမရှိ။

အားတင်းပြီးသာ အခန်းထဲက ထွက်ခဲ့ပြီး ChanYeol အခန်းဘက် ထွက်လာလိုက်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now