✨제 9 장✨

Mulai dari awal
                                        

ပြောပြီးသည်နှင့် ကုန်ခါနီးပြီဖြစ်သော ဆန်ပြုတ်ပန်းကန်ကို ထားရစ်ခဲ့ကာ အခန်းဆီ ပြန်လာခဲ့၏။

Park ChanYeol ဟာ လူကို ရူးအောင် လုပ်နေသလိုပဲ!
ခုပဲ စကားကို ဘုဂလန့်ပြောလိုက်၊ ခုပဲ အတည်ပေါက်ကြီး ရိုဆန်ဆန်ပြောလိုက်နဲ့။

စိတ်ပျက်စရာကောင်းသည့် ကျွန်တော်ကလည်း ကိုယ့်ထက် အသက်ငယ်သည့် ယောက်ျားလေးတစ်ဦးဆီက ကြားရသောစကားအပေါ် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။

ဟင့်အင်း!
တစ်သက်လုံး ဖြောင့်လာခဲ့တာ Park ChanYeol ဆိုတဲ့ ငတိလေးကြောင့်နဲ့တော့ မကောက်နိုင်။

ကျွန်တော် အခန်းထဲ ဝင်လာကာ ကုတင်ပေါ် လှဲပြီး သိပ်မကြာလိုက်.. ChanYeol သည် ဆေးနှင့် ရေခွက်တစ်ခွက်ကိုင်ပြီး ဝင်လာ၏။

ကျွန်တော်လည်း လှဲအိပ်နေရာက ထလိုက်ကာ ကုတင်ခေါင်းရင်းကို မှီထားလိုက်ပြီး သူ့ဆီက ဆေးကို ယူကာ ပါးစပ်ထဲ ထည့်၍ ရေနှင့် မျှောချလိုက်သည်။

ရေခွက်ကို သူ့ဆီ ပြန်ပေးဖို့ကြည့်မိသောအခါ ကျွန်တော့် အခန်းအနှံ့ မျက်လုံးနှင့် ဝေ့ဝိုက်ကြည့်နေသည်ကို တွေ့ရ၏။
အင်းလေ.. သူ ကျွန်တော့်အခန်းထဲကို တစ်ခါမှ ရောက်ဖူးခြင်းမရှိပဲ။

ထို့နောက် သူ့အကြည့်သည် စားပွဲပေါ်၌ တင်ထားသော ဓာတ်ပုံမှန်ဘောင်တစ်ခုပေါ်တွင် ရပ်တန့်သွားသည်။

ဓာတ်ပုံကို ဆွဲယူလိုက်ပြီး အသေအချာကို စိုက်ကြည့်တော့၏။
ကျွန်တော်လည်း ရေခွက်လေး ကိုင်ရင်း သူ့ကို ကြည့်နေမိသည်။

သူ ဆွဲယူကာ ကြည့်နေသော ပုံသည် ကျွန်တော် ငယ်ငယ်တုန်းက ပုံဖြစ်၏။

"ရုပ်ကိုက.. ဖင်ကို ဆောင့်ကန်ချင်စရာ ရုပ်!"

ဆေးကိုသာ ခုနက မသောက်ပဲ ခုမှသောက်မည်ဆိုလျှင် ChanYeol စကားကြောင့် ဗိုက်ထဲမကျပဲ လည်ချောင်းထဲ နင်နေလောက်သည်။

ဆေးကိုသာ ခုနက မသောက်ပဲ ခုမှသောက်မည်ဆိုလျှင် ChanYeol စကားကြောင့် ဗိုက်ထဲမကျပဲ လည်ချောင်းထဲ နင်နေလောက်သည်။

ဓာတ်ပုံမှာ ကျွန်တော် ငယ်စဉ်က ဘက်တံလေးတစ်ခုကို လက်ထဲ ကိုင်ကာ ရိုက်ထားသော ပုံဖြစ်သည်။
ပါးလေးဖောင်း၍ နှုတ်ခမ်းလေးစူထော်ထားသည့် ကျွန်တော်ဟာ ဖျစ်ညှစ်ပစ်ချင်လောက်အောင် ချစ်စရာကောင်းနေ၏..
မသိ! ကျွန်တော်ကတော့ ဒီလိုပဲ မြင်သည်။

ဒါကို ပြောထည့်လိုက်တာများ!
ခုနက ရင်ခုန်စိတ်လှုပ်ရှားမှုများ.. ခု ဘယ်ဆီ အငွေ့ပျံပျောက်ကွယ်သွားသလဲ မသိ။

"မျက်နှာမြင် ဖင်ရိုက်ချင်ပါစေဆိုတဲ့ ဆုနဲ့ ပြည့်တယ်ထင်တယ်.."

ကိုယ့်ကိုကိုယ်ပင် သတိမထားမိပဲ သူ့ကို မျက်စောင်းပစ်ထိုးမိသည်။
အရင်က တစ်ခါမှ မျက်စောင်းထိုးလေ့မရှိသည်မို့ ကိုယ့်ကိုကိုယ်ပင် ပြန်အံ့သြနေရ၏။

"သွားတော့.. ငါ အိပ်တော့မယ်!"

ကုတင်ခေါင်းရင်းကို မှီကာ ထိုင်နေရာက လှဲအိပ်လိုက်တော့ သူက အနားကို တိုးကပ်လာကာ ကျွန်တော့်နဖူးပေါ် လက်ဖမိုးကို အုပ်တင်၍ ကိုယ်ပူစမ်းသည်။

ထို့နောက်တွင် ရုတ်တရက် ကျွန်တော့်နဖူးကို ခပ်ဖွဖွနမ်းပြီး ထွက်သွား၏။
ကျွန်တော့်မှာသာ သူ၏ လက်ရဲဇက်ရဲ အသားယူမှုကြောင့် စိတ်တိုရသလို မထင်မှတ်ထားပဲ အနမ်းခံရသည်မို့ ရင်ထဲ ဖိုးသိုးဖတ်သတ်ကြီး ဖြစ်ကျန်ခဲ့သည်။

အမေရေ!
အမေ့သားအဖြောင့်ကို Park ChanYeol ကောက်အောင် လာလုပ်နေတယ်!!!!

🌟MY SPECIAL ONE🌟

🌟MY SPECIAL MAN{나의 특별한 남자}🌟 Tempat cerita menjadi hidup. Temukan sekarang